The Fragrance of Love
🍓 အပိုင်း 18 🍓
ဘေးချင်းယှဥ်ထိုင်နေကြသည့် MD နဲ့ သားသားလေးကို ကြည့်ပြီး မိုးမိုးမှာ
ပြောစရာစကားများ ပျောက်ရှနေရသည်။ဒီလိုကြည့်တော့မှ ၂ယောက်လုံးက တစ်ထေရာထဲကို ချွတ်စွတ်တူနေတော့တာပါလား။
"အဲ့ဒါဆို သားလေးက ပိုးသားနဲ့ MD ရဲ့ ကလေးပေါ့နော် .... အဲ့တာကြောင့် အခု ၂ယောက်က ပြန်တွဲနေကြတာလား
ဟင်.... "မမိုးက ခြေဟန်လက်ဟန်နဲ့ မေးတော့ ပိုးသား ခေါင်းလေးအသာငြိမ့်လိုက်ရသည်။
"ဟုတ်ပါတယ် မမိုး .... မပြောဘဲနေနေသေးတာက သားအဖေက ရတု ...မဟုတ်သေးဘူး MD ဆိုတာကို ကုမ္ပဏီကလူတွေကို ဖွင့်ပြောဖို့ကျ ပိုးအတွက် အခက်အခဲ ဖြစ်နေသေးလို့ ဖုံးကွယ်ထားတာပါ....တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး .... "
သားလေးကတော့ လူကြီးတွေ စကား၀ိုင်းထဲ ဘာမှ၀င်မပါဘဲ သူ့အဖေ ဘေးနားမှာ ကပ်ပြီး ငြိမ်ငြိမ်လေး ထိုင်နေသည်။
"ဒါနဲ့ မမိုးက ဒီကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ ..... "
"မမိုးက ဒီနားက အသိတစ်ယောက်ဆီလာရင်းနဲ့ ပိုးသားတို့လဲ ဒီလမ်းထဲမှာဆိုတာ သိတော့ ဖုန်းလှမ်းဆက်လိုက်တာ....
ပိုးသား ဖျားနေတယ်ဆိုတော့တစ်ခါထဲ သတင်းလာမေးလိုက်တာ MD....ဒီအိမ်ရောက်တော့ သားသားလေးကို မတွေ့တာနဲ့ မေးကြည့်တော့မှ ပိုးသားက MD နဲ့ အကြောင်းစုံကို ပြောပြတာပါ .... ""အာ.... အဲ့လိုကို .... ကျွန်တော်ကတော့ ဖြစ်နိုင်ရင် အားလုံးကို အသိပေးလိုက်ချင်တာပါ .... ဒါပေမဲ့ အစ်မဘက်က ကြည့်တော့လဲ အခြေအနေတွေကို ရုတ်တရက်
လက်ခံလိုက်ရပြီး အဆင်သင့် မဖြစ်သေးတာဆိုတော့ ကျွန်တော်လဲ အစ်မသဘောအတိုင်း လက်ခံလိုက်တာပါ.... ""ဘာပဲဖြစ်ဖြစ် MD နဲ့ ပိုးသားက ရှေ့သွားနောက်လိုက်ညီပြီး လိုက်ဖက်ပါတယ်..... ပိုးသားတို့ သားအမိဘ၀လေး အခုတော့ အေးချမ်းသွားရပြီပေါ့ ..... "
မမိုးက သူမလက်ကလေး ဆုပ်ကိုင်ပြီး ပြောလျှင် ရတုရော သူမရော ပြုံးလိုက်မိသည်။
လူကြီးတွေစကားပြောနေကြတာကို သားက ကြာတော့ ပျင်းလာသည်ထင်သည်။
သူ့ကိုယ်လုံးလေးကို ရတုကိုယ်ပေါ်စောင်းချလိုက်ပြီး ရတုမျက်နှာအား မော့ကြည့်ကာ ....
STAI LEGGENDO
🍓 The Fragrance Of Love 🍓