The Fragrance of Love
🍓 အပိုင်း 31 🍓
လေယာဥ်ဆိုက်ပြီး Seoul ကိုရောက်လျှင် ရတုတို့ Seoul ရဲ့ Incheon လေဆိပ်ကနေ ကြိုပြီး booking လုပ်ထားခဲ့တဲ့ Four Seasons Hotel ဆီကို Taxi ငှားပြီး သွားခဲ့သည်။
Hotel ဆီသို့ ရောက်လျှင် reception မှာ ကြိုပြီး booking ယူထားခဲ့တဲ့ Family အခန်းရဲ့ သော့ကတ်ကို ယူကာ 18 ထပ်မြောက်ဆီသို့ ဓာတ်လှေကားနဲ့ သူတို့ မိသားစု တက်လာခဲ့ကြသည်။
"ဖေဖေ .... သားသားလေးတို့က ပြီးရင် ဘယ်သွားကြမှာလဲဟင် .... "
"ဘယ်မှ မသွားတော့ဘူးလေ သားရဲ့ ....
အခုက ညမိုးချုပ်နေပြီ .... မနက်မှ ဖေဖေတို့ လျှောက်လည်ကြမယ်နော်.... သားလေးက မပင်ပန်းသေးဘူးလား .... ""ပင်ပန်းသေးဘူးဖေဖေ .... သားသားလေး အိပ်ရေးတွေ၀နေတယ် .... "
"အိပ်ရေးတွေ၀မှာပေါ့ သားက မေမေ့ပေါ်မှာ တောက်လျှောက်အိပ်လာတာကို...."
ရတု သားရဲ့ ပါးကို ဖွဖွလေးပွတ်ပေးပြီး ပြောတော့ သားကရယ်သည်။
သူတို့ ရန်ကုန်က ထွက်လာကြတာ နေ့လယ် ၁၂ နာရီ လောက်ကမို့ ကိုရီးယားကို ရောက်တော့ မိုးချုပ်နေပြီဖြစ်သည်။
ဟိုတယ်ခန်းထဲသို့ ရောက်လျှင် ခြေလက်အရင်ဆေးမယ်မရှိဘူး အိပ်ရာပေါ်ကို တန်းပြီးလှဲချလိုက်ကြသည့် သားအဖကြောင့် ပိုးသား ခေါင်းကို အသာခါရမ်းလိုက်မိသည်။
သူမ အရင် ခြေလက်ဆေးပြီးမှ
ပိုးလို့ပက်လက်လှဲအိပ်နေကြသည့် သားအဖ ၂ယောက်ရဲ့ တင်ပါးလေးတွေကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်ကာ ခြေလက်အရင်သွားဆေးခိုင်းရသည်။သူတို့ သားအဖ ခြေလက်ဆေးနေတုန်းမှာ ပိုးသား Luggage တွေကို အခန်းထောင့်တွင် နေရာပြောင်းထားရသည်။
မောင်ယူထားတဲ့ အခန်းက Family ခန်းမို့ တော်တော်လေး ကျယ်ပါသည်။
ညစာလဲ လေယာဥ်ပေါ်မှာ စားခဲ့ပြီးပြီမို့
ပိုးသား ညအိပ်၀တ်စုံလေးကို တစ်ခါထဲတန်းလဲလိုက်သည်။ မောင်တို့သားအဖအတွက်လဲ ည၀တ် Pajamas လေးတွေထုတ်ပေးပြီးမှ ပိုးသား Sofa ပေါ်ထိုင်ကာ TV ဖွင့်ကြည့်နေလိုက်သည်။
YOU ARE READING
🍓 The Fragrance Of Love 🍓