4 (U)

3.6K 883 23
                                    

Translator: youtiao
Editor: dounai & mantou

အဲ့ဒီနေ့မှစ၍ စနေနေ့တိုင်းဟာ သူတို့နှစ်ဦးရဲ့ ဆုံဆည်းရာနေ့ကလေးဖြစ်လာခဲ့သော်လည်း ကျိရှောင်ပေကတော့ မရိပ်မိခဲ့ချေ။ သူသိသည်မှာ စနေနေ့ညတွေဟာ တစ်ပတ်လုံးမှာ အမျှော်လင့်ရဆုံးညတွေဖြစ်ပြီး cz2046က အင်မတန်မှ မိုက်ပြီးအံ့သြဖို့ကောင်းသည်ဆိုတာပင်။ သူကရုပ်ရှင်ကားတိုင်းကိုကြည့်ထားပြီးပုံရပြီး  ကျိရှောင်ပေနှလုံးသားထဲက သူ့အပေါ်အထင်ကြီးမှုမှာ တနေ့တခြား ပိုပိုတိုးပွားလာတော့သည်။

ချန်းကျိုအတွက်မှာ စနေနေ့တိုင်းဟာ တစ်ပတ်လုံးတွင်အလုပ်အရှုပ်ဆုံးနေ့ပင်။ ဇာတ်လမ်းနောက်ခံပြောရမည့်နေ့တွင် မနက်စောစောထကာ ဇာတ်ညွှန်းနှင့်အသားကျနေအောင်လုပ်သည်။ နေ့လည်တွင် ပေ့ပေ့တို့ရပ်ကွက်အဝင်ရှိကော်ဖီဆိုင်တွင်ထိုင်ကာ ပုံမှန်နေ့လည်နေ့ခင်းစကားစမည်​ပြောခြင်းကိုလုပ်သည်။ ထိုမှသာ ဖုန်းချပြီးသည်နှင့် သူပေ့ပေ့ကိုရုပ်ရှင်ရုံအထိ 'အဖော်ပြု'ပေးနိုင်မည်ဖြစ်သည်။

ချန်းကျိုသည် ပေ့ပေ့နှင့် ငါးမီတာအကွာမှနေပြီး ပေ့ပေ့သွားရာလမ်းတစ်လျှောက်ရှိ အတားအဆီးများကို ရှေ့မှကြိုတင်ဖြေရှင်းပေးသည်။ ဤနည်းဖြင့် ပေ့ပေ့ကိုရုပ်ရှင်ရုံအထိ အန္တရာယ်ကင်းစွာလိုက်ပါစောင့်ရှောက်ပေးသည်။ ချန်းကျိုသည် နောက်ခံသရုပ်ဖော်ပြောရန်အလှည့်ကျလျှင် အကောင်းဆုံးဖြစ်အောင်လုပ်ပြီး နောက်ခံပြောရန်မလိုသည့်နေ့များတွင် ပေ့ပေ့ရဲ့ဘေးနှစ်ခုံကျော်တွင်တိတ်တိတ်လေးထိုင်နေလေ့ရှိသည်။

ပေ့ပေ့သည့် ရုပ်ရှင်ကြည့်တိုင်း အလေးအနက်ထားကြည့်ပုံပေါ်သည် ၊ အလေးအနက်ရှိသည့်အခါတိုင်းလည်း လက်သည်းကိုက်တတ်သည့်အကျင့်လေးကို ချန်းကျိုသိလိုက်ရသည်။ ကလေးလေးတစ်ယောက်အလားပင်။ ရုပ်ရှင်ပြီးသည့်အခါ ချန်းကျိုကပေ့ပေ့ကို အိမ်အထိလိုက်ပို့ပေးမည်။

ဤသို့ဖြင့် ရက်သတ္တပတ်ပေါင်းအနည်းငယ် ကုန်ဆုံးခဲ့၏။

တစ်ညတွင် ရုတ်တရက် ပေ့ပေ့မှ လေးနက်စွာပြောလာသည် "ကျွန်တော်ခင်ဗျားကို ပြောစရာရှိတယ်"

Find My Bearings | ဘာသာပြန် [Main Story Completed]Where stories live. Discover now