11
နှင်းတို့ဖြင့် စပ်လျဉ်း၍...
ကျိရှောင်ပေက နှင်းကျသည့်နေ့ရက်တို့ကို မုန်းတီးခဲ့ပါသည်။ သူကမိုးသံဆိုကြားရပေမဲ့ နှင်းကျချိန်မှာတော့ ခြောက်ခြားဖွယ်ကောင်းအောင်တိတ်ဆိတ်လွန်း၍ပင်။ မိုးရွာရင် မိုးရေစက်တို့၏ ပဲ့တင်သံက မိုးဖွဲနေသလား၊ မိုးသည်းနေသလား၊ ဒါမှမဟုတ် မိုးရွာနေဆဲလား၊ မိုးစဲသွားပြီလားကို သူ့နားထဲမှာ ကြားသိနိုင်သည်လေ။
နှင်းများဆိတ်ငြိမ်စွာကျသည့်အခါ သူလုံးဝမကြားရ။ ကမ္ဘာလောကကြီးကနေဖယ်ကြဥ်ခံထားရသလို အမျိုးမည်တပ်မရသည့်ကြောက်ရွံ့မှုတို့ကြီးစိုးစေပါသည်။
သို့သော် ဒီနှစ်မှာတော့ မတူပါ။ သူ့မှာ ချန်းကျိုရှိနေပြီ။
သီတင်းပတ်ကုန်ရက်များမှာနှင်းကျမည်ဟု မိုးလေဝသခန့်မှန်းချက်မှာဖော်ပြပြီး နာရီဝက်ကြာတိုင်း ကျိရှောင်ပေက "နှင်းကျပြီလား?" ဟု မပျက်မကွက်မေးကာ အကြိမ်တိုင်းမှာ ချန်းကျိုက "မကျသေးဘူး"ဟု အမြဲဖြေနေရသည်။
နံနက်ရှစ်နာရီမှ ညရှစ်နာရီအထိ ဆက်တိုက်မေးခဲ့အပြီးမှာ ကျိရှောင်ပေတစ်ယောက်စိတ်မရှည်တော့ပဲ "မိုးလေဝသသတင်းက ဘယ်လိုလုပ်ပြီးအလိမ်အညာဖြစ်နေရတာလဲ!" 😞
.
ညအချိန်သူတို့နမ်းနေတုန်း ပြတင်းပေါက်အပြင်ဘက်မှ လေတိုးသံကြားလိုက်ရ၏။ မျှော်လင့်ချက်တို့ပြည့်နေသောမျက်နှာလေးဖြင့် ကျိရှောင်ပေက ပြတင်းပေါက်ဘက်ကိုလှည့်ကာ "နှင်းကျတော့မှာလား?"
"ကိုယ်တို့ လုပ်ငန်းစနေကြပြီလေ၊ စိတ်တွေဘယ်လွင့်နေတာလဲ?" ချန်းကျိုက ရှူးရှူးရှားရှားဖြစ်သွား၏။
ကျိရှောင်ပေကရှေ့ကိုတိုးပြီးအသံကျယ်ကျယ်အနမ်းပေးကာ "သွားကြည့်ပေးပါလား၊ နှင်းတွေကျနေပြီလားဆိုတာ"
ချန်းကျိုက သူ့ရင်ခွင်ထဲပွေ့ဖက်ထားဆဲပင်။ ချန်းကျိုသည် ကျိရှောင်ပေ၏ခါးကို လက်တစ်ဖက်တည်းဖြင့်ပွေ့ကာ လေထဲသို့ မ,လိုက်၏။
ကျိရှောင်ပေဟာ လန့်ဖြန့်သွားပြီး ချန်းကျို၏လည်တိုင်ကို အမောတကောဖက်တွယ်ကာ "ဘာလုပ်တာလဲ?"
KAMU SEDANG MEMBACA
Find My Bearings | ဘာသာပြန် [Main Story Completed]
Cerita Pendekဆော့ဖ်ဝဲလ် တီထွင်သူ Gong ချန်းကျို × မျက်မမြင် Shou ကျိရှောင်ပေ ဆော့ဖ်ဝဲလ် တီထွင်သူ Gong ချန်းကျို × မျက်မမြင် Shou ကျိရှောင်ပေ Both Zawgyi & Unicode