3 (U)

3.8K 896 22
                                    

Translator: youtiao
Editor: dounai & mantou

ကျိရှောင်ပေ စိတ်အားထက်သန်စွာအချက်အလက်မျိုးစုံရှာဖွေပြီးသကာလ နောက်ဆုံးတော့ cz2046 ပြောသည့်ရုပ်ရှင်ရုံကိုသွားလည်ပတ်ရန် စိတ်ဆုံးဖြတ်လိုက်၏။ သိပ္ပံနှင့်နည်းပညာဟာ ဘဝတွေကိုပြောင်းလဲစေပြီး ယနေ့ခေတ်မှာ လူတစ်ယောက်ဟာ voice command ကို အသုံးပြု၍ လိုအပ်သောသတင်းအချက်အလက်များကို လွယ်ကူချောမွေ့စွာရှာဖွေနိုင်ပြီ။

မျက်မမြင်များအတွက်ရုပ်ရှင်ရုံဟာ အမှန်တကယ်ပင် A မြို့တော်တွင်ရှိပြီး သူနေသည့်ရပ်ကွက်မှ လေးဘူတာဝေးသည့်ခရိုင်တွင်တည်ရှိ၏။ ကျိရှောင်ပေသည် cz2046 နှင့်မဆုံခင်အထိ ပြင်ပလောကကြီးကို မေ့လျော့ထားပြီး သူကိုယ်၌ယခင်က ဒီလိုမျိုးကိစ္စမျိုးနှင့်ပတ်သတ်ပြီး သောကများရတာမျိုးမရှိခဲ့။

ရေပြင်ဟာ ကြေးမှုံချပ်အသွင် လှိုင်းစိုးစဥ်းမျှမရှိပဲငြိမ်သက်နေပါက ရေသေဖြစ်၏။ သို့ပေမယ့် cz2046က ငါးနှစ်တာကြာပြီဖြစ်သည့် အတိုင်းအဆမဲ့ဆိတ်ငြိမ်ခြင်းကို ဖျက်ဆီးပစ်ကာ ကျိရှောင်ပေရဲ့နှလုံးသားအောက်ခြေကို လှိုင်းလုံးများတဖန်ဖြစ်သွားစေသည်။

ထိုရုပ်ရှင်ရုံသည် စနေနေ့တိုင်း ရုပ်ရှင်ကားပြသလျက်ရှိပြီး ဝင်ကြေးပေးစရာမလိုဟုအင်တာနက်တွင်ဖော်ပြထား၏။ လက်မှတ်ဝယ်ခြင်း ထိုင်ခုံနေရာဦးခြင်းတို့လုပ်စရာမလို ၊ အချိန်မီအရောက်လာရန်သာလို၏။

မတိုင်မီညတွင် ကျိရှောင်ပေသည် အိပ်ရာထဲလူးကာလွန့်ကာဖြင့်အိပ်မပျော်ခဲ့။ သူ ဘယ်လိုများအိမ်မှထွက်ပြီး သူစိမ်းများနဲ့ပြောဆိုဆက်ဆံရမလဲဆိုသည်ကိုတွေးရင်း အဆမတန်စိတ်လှုပ်ရှားနေ၏။ မနက်ခင်းနှစ်ချက်သုံးနာရီထိုးလောက်မှသာ ငိုက်မျဥ်းရင်းအိပ်ပျော်သွားကာ ခုနှစ်နာရီတွင်နိုးလာသည်။

မနက်စာစားပြီးနောက် အိပ်ခန်းထဲပြန်သွားပြီး ဗီရိုထဲခေါင်းထိုးကာ သူဝတ်လေ့သိပ်မရှိသည့် ဆွယ်တာအင်္ကျီခပ်ထူထူကိုရှာလိုက်သည်။

အဲ့ဒါဟာ သူ့ဒေါ်လေး အရင်နှစ် နှစ်သစ်ကူးတုန်းကဝယ်ပေးခဲ့တာဖြစ်၏။ အနွေးထည်အသားမှာ ထိလို့ကိုင်လို့သက်တောင့်သက်သာရှိပြီး ခပ်ကြီးကြီး အမွှေးပွပွခေါင်းစွပ်လည်းပါ၏။ စျေးအတော်ကြီးလိမ့်မည်ဟု ကျိရှောင်ပေထင်သည်။ သူသည် အိမ်မှာပဲတစ်နေကုန်နေသည့်အတွက် သူဒါကို ဝတ်ဖို့လည်းမလိုသလို သူဝတ်ထားနိုင်လိမ့်မည်လည်းမဟုတ်။

Find My Bearings | ဘာသာပြန် [Main Story Completed]Donde viven las historias. Descúbrelo ahora