အပိုင်း ၁၅

7.3K 443 11
                                    

ဖြိုးလဲ့ မောင်ထိုင်းကို Scholarship ဝင်၍သွားရန် လေဆိပ်သို့ရောက်နေခြင်းဖြစ်သည်
နွေဦး ကအလုပ်မအား၍မလိုက်ပေ ဖေဖေ နှင့်မေမေသာလိုက်ပို့ပေးသည်ထိုင်းနိုင်ငံ ရောက်ချိန်တွင်ကိုယိလိုမြန်မာနိုင်ငံသား နှစ်ယောက် ပါ၍ အားမငယ်ပေ ကုမ္ပဏီ ကစီစဉ်ပေးသောကားဖြင့်အဆောင်သွားကြ သည်   ကုမ္ပဏီ မှာ လိုအပ်တာများစီစဉ်ပြီး သဘက်ခါမှ အလုပ် ဆင်းရန်ပြောလေသည်

"ငါတို့ သုံးယောက်တစ်ခန်းထဲအတူနေရမှာဆိုတော့မိတ်ဆက်သင့်တယ်နော် "

"ဟုတ်တယ် မြန်မာပြည်ကလာတဲ့သူအချင်းချင်းကူညီလို့ရတာပေါ့ "

"ငါကနှင်းယု Bcနဲ့ပြီးတာ"

"ငါကဖြိုးလဲ့ဘူမိနဲ့ပြီးတာ "

"ငါကသဇင် Physics နဲ့ပြီးတာ "

"ဒါနဲ့နင်တို့မနက်ဖြန်အားတယ်မလားအပြင်လည်ရအာင် "

"အားနာပါတယ်နှင်းယုနဲ့သဇင်ငါမနက်ဖြန်အသိတစ်ယောက်စီသွားစရာရှိလို့မလိုက်တော့ဘူး "

"သြော် ရပါတယ် ငါတို့ဘဲ သွားလိုက်မယ်နောက်အားတဲ့အချိန်မှလိုက်ခဲ့ပေါ့ "

"အေးအေး "

ဖြိုးလဲ့ လေဆိပ်တွင် မေမေ မှာသော စကားများ ကိုပြန်ကြားနေသည်

"သမီးထိုင်းရောက် ရင် မေမေ့အသိစီ ဝင်ခဲ့ပါအုံး"

"ဘယ်သူလဲမေမေ "

"တခြားတော့မဟုတ်ပါဘူးမေမေ့သူငယ်ချင်း သူ့သားနဲ့သမီးကငယ်ငယ်ကတည်းကစေ့စပ် ထားတာလေ "

"ဟင်သမီးကိုဘာမှလဲမပြောဘူး "

"အချိန်မကျသေးလို့ပါ မေမေ နဲ့လည်း အဆက်သွယ်မရဘူးလေ ၂၃နှစ်ပြည့်ရင် လာခဲ့ပါ့မယ်ဆိုလို့ ခုသမီးလည် ထိုင်း သွားမှာဆိုတော့ ဝင်နှုတ်ဆက်ခိုင်းတာပါ"

"အင်းပါမေမေ ဒါပေမဲ့သမီး လက်ထပ်ရမဲ့သူကို လေ့လာအုံးမှာနော် သမီး အကြိုက်မဟုတ်ဘူးဆိုရင်တော့ငြင်းမှာနော် "

"ချက်ချင်း မငြင်းနဲ့ပေါ့ သမီးရယ် ရော့ ဒါကလိပ်စာ"

ဖြိုးလဲ့ ဘန်ကောက်ရှိမေမေ့အသိဆိုသောအိမ်ကိုလာခဲ့လိုက်သည် အိမ်ကြီးကခမ်းနားထည်ဝါပြီးအိမ်စေများကလည်း စည်းစနစ်ကျလှသည်

မာဖီးယားကိုကို(Completed)Where stories live. Discover now