ထည်ဝါ ပါတီ ၌ လုပ်ကြံခဲ့သောအဖွဲ့အား ဂိုဏ်းလိုက်အမြစ်ပါမကျန်ရှင်းပစ်လိုက်သည်
Mike နှင့်Romeသည်လည်း Bossကိုနားမလည်နိုင် Bossသည်ဘယ်လောက်ဘဲမာဖီးယားဂိုဏ်းချုပ်ဖြစ်နေပါစေ လူသတ်မည့်ကိစ္စကိုမိမိတို့နှင့်သာလွှဲသည် ယခုမူ သူကိုယ်တိုင်ဂိုဏ်းလိုက်ရှင်းပစ်သည် Romeကသာနားမလည်သလိုဖြစ်နေတာMikeကတော့အေးဆေးပင်"Mike"
"ဘာလဲ"
"Bossကထူးဆန်းနေသလိုဘဲနော်"
"အင်း "
"ဘာအင်းလဲ "
"အကြောင်း ရှိလို့နေမှာပေါ့ကွာ"
"မင်းသိနေတာလား Mike"
"မသေချာပါဘူး Rome ရာ"
"ပြောပြကွာ "
"မသေချာသေးဘူး လို့ မသေချာတဲ့ ကိစ္စကမပြောသေးတာအကောင်းဆုံးဘဲ"
Mike နဲ့ Rome သည် လွန်ခဲ့တဲ့၇နှစ်လောက်ကတည်းက Boss ဆီအလုပ်ဝင်ခဲ့ကြသည် သို့သော်လည်း Boss ကိုယ်ရေးကိုယ်တာကိုမစပ်စု Boss ပြောမှနားထောင်သည် ဒါပေမဲ့ Romeကတော့ သိချင်ပြီဆိုမရမကမေးသည်အလုပ်နှင့်ပတ်သတ်လျငှ် Mike ထက်Rome ကလက်ရဲဇက်ရဲနိုင်လေသည် ယခုလည်း Rome ရဲ့အကျင့်ကမသေ Mike ကတော့ Boss ခုလိုဖြစ်နေတာ ပါတီမှာဆုံခဲ့တဲ့ကောင်လေးကြောင့်ဟုထင်မိသည်
နွေဦး ထိုင်းကနေပြန်ရောက်ကတည်းကစိတ်နဲ့ကိုယ်နဲ့မကပ်ပေ သေနတ်နှင့်အပစ်ခံရလုနီးပါးဖြစ်ခဲ့သော်လည်း အကြောကလွန်နေခြင်းမျိုးမဟုတ် ရင်တွေတုန်နေသည် သေချာတာကတော့နွေဦး ဆေးခန်း ပြရတော့မည် ဖြစ်သည် စဉ်းစားတာရပ်ကာ လိုင်းဖွင့်ပြီး Fb ပွတ်နေလိုက်သည် ထိုစဉ် messager ကနေ video call ခေါ်တာကြောင့်"ဘာလဲ မိုးသဲ "
"နွေဦး မင်းထိုင်းကနေပြန်လာတာတောင်ဖုန်းမဆက်ဘူးကွာ"
"ငါကမင်းကိုသံတော်ဦးတင်နေရမှာလားကွ"
"ငါလက်ဆောင် မှာမလို့ကိုကွာ"
"မပါဘူး အသက်တောင်ပြန်ပါလာတာကံကောင်း မဟုတ်ရင် ငါ့အခွက်ချောချောလေးကို မြင်ချင်ပါတယ်ဆိုတောင်တွေ့ရမှာမဟုတ်ဘူး"
"ဟမ် ဟေ့ရောင် ဘာဖြစ်လာလို့လဲ"
"ဘာမှမဖြစ်ဘူး မင်းပြောချင်တာ ဒါဘဲမလား"