"Lali lala li la la li🎶🎶🎵"
"ဟယ်လို လူကြီးရောက်ပြီလား"
"အင်း ရောက်ပြီ ကလေး ထွက်ခဲ့ တော့"
"အင်း "
အောက်ထပ် တွင် ဖေဖေနဲ့ မေမေ နံနက်စာစားနေကြသည် မဖြိုး ကတော့နောက်ဆုံးနှစ် master သမားမလို့ ၁လလုံး field ဆင်း နေရသည် နွေဦး ဖေဖေနဲ့မေမေကို နှုတ်ဆက်ကာအပြင်အမြန်ထွက်လာသည်
"လူကြီး မိုးသဲ ကို ဝင် ခေါ်အုံးမှာနော်"
"အင်း ကလေးမနက်စာ စားပြီပြီလား"
"မစားရသေးဘူး လူကြီး မိုးသဲ ခေါ်ပြီးမှဝင်စားကြမယ်လေ"
"အင်း ကလေးသဘော"
"ဟိဟိ "
"မိုးသဲ မင်းဘာစားပြီးပြီလဲ"
"ရှမ်းစားခဲ့ပြီ"
"အဲ့ဆို တစ်ခုခုသောက်လေနော်"
"အင်း ကော်ဖီဘဲသောက်တော့မယ်"
"လူကြီး ကိုယ့်ဘာသာမှာလိုက်နော် နွေဦး ကဟမ်ဘာဂါနဲ့် orange juice "
"ကိုယ်သွားမှာလိုက်မယ်ကလေး"
"နွေဦး မင်းအစ်ကို ထည်ဝါ ကိုအားနာစရာကြီး ကိုယ့်ဘာသာ သွားယူလည်းရတာကို"
"မိုးသဲ မင်းဟာလေ faလို့မပြောရဘူး လွတ်တုံးတာဘဲ"
"ငါတုံးတာနဲ့ ဘာဆိုင်လဲ "
"ရည်းစား ထားတာဘာလုပ်ဖို့လဲ ကိုယ့်ချစ်သူက ကိုယ့်ကိုဂရုစိုက်တာ လိုချင်လို့လေကွာ "
"မသိပါဘူးကွာ မင်းအစ်ကိုထည်ဝါ ကိုခိုင်း နေတော့ ငါငရဲကြီးမှာဘဲကြောက်တယ် "
"မဖြစ်တော့ဘူး မိုးသဲ မင်းကို ယောကျာ်း ပေးစား မှရတော့မယ်"
"မယူပါဘူး မင်းယောကျာ်း ယူတိုင်း ငါလိုက်ယူစရာလား ငါကမမတွေဘဲကြွေတာ"
လူကြီး မုန့်ဗန်းနဲ့ရောက်လာသည်မို့ နွေဦး ဆက်မပြောတော့ပေ
"ကလေး နင်နေမယ် ဖြေးဖြေး စားလေ"
"အလုပ်နောက်ကျနေမှာဆိုးလို့"
"နောက်မကျပါဘူး ကိုယ့်အတွင်းရေးမှူးလဲ ဘယ်ချိန်ရောက်ရောက်"