Covid 19ကြောင့် ကျောင်း သင်္ကြန် မလုပ်လိုက်ရ၍နွေဦးတို့အဖွဲ့တင်းနေ ကြသည်
ထိုထဲတွင်နွေဦးအဆိုးဆုံး လူကအသားဖြူဖြူ သေးသေး ညက်ညက်လေး အပျော်အပါးဆိုထိပ်ဆုံးကပါသူ ခုလည်းနွေဦးတစ်ယောက်ကြိတ်မနိုင်ခဲမရ ဖြစ်နေသည်
"တောက် ! နာတယ်ကွာ "
"ဗိုက်နာလို့ လား နွေဦး အိမ်သာ သွားလေ"
"ဟေ့ရောင် မိုး သဲ လာမနောက်နဲ့နော် ဒီမှာတင်းနေတာ"
"အေးပါကွာ မင်း တင် တင်းတာမဟုတ်ပါဘူး ငါရောပါဘဲ"
"မိုးသဲရာ မင်း ဘဲ စဉ်းစား ကြည့် စာမေးပွဲ ဖြေခါနီး relax လုပ်ရမှာကို ခုတော့ ကျောင်းသင်္ကြန် ဖျက်လိုက် တယ်တဲ့"မိုးသဲဆိုသည်မှာနွေဦးအခင်ဆုံးသူငယ်ချင်း အထက်တန်း ကတည်းက လည်ပင်း ဖက်ပေါင်းလာတာ နွေဦး တို့အဖွဲ့ကငါးယောက်ရှိသည် နွေဦး နဲ့ မိုးသဲ အပါဝင် ရွှေစင်, ရနံ့,ကြည်ပြာ ကျောင်း မှာ အကဲဆုံးအဖွဲ့
"ဟိုအစ်မတော် သုံးယာက်ကလည်း Pt exam ဖြေတာ မသိရင် final စာမေးပွဲ ကြီး ဖြေတာ ကြလို့ မပြီးနိုင်ဘူး "
"ဟုတ်ပနွေဦးရာ ဖုန်းဆက်ကြည့်လိုက်မယ် "
မိုးသဲ ဖုန်းဆက်နေစဉ် ကျောင်း ထဲက အလန်းလေး တွေငမ်းနေပါသောနွေဦးအကြည့်တို့ကတစ်ဖက်ရှိကော်ရစ်တာပေါ်သို့
"ဟင် ဟိုနေ့ကတွေ့တဲ့ လူကြီး ပါလား မှတ်လောက်သားလောက်ပညာပြန်ပေးရမယ်"
"ဟေ့ရောင် နွေဦး ဘယ်လဲ ရွှေစင် တို့လာနေပြီ"
"ကန်တင်းသွားနှင့်ကြပြီးရင်လိုက်ခဲ့မယ်"
"အေးအေး"
ထည်ဝါတစ်လအတွင်း ထိုင်းပြန်ရမည်ဆို၍ တက္ကသိုလ် ဘက်ရှိကိစ္စများဖြတ်ရန်လာခြင်းဖြစ်သည်
ထိုစဉ် ရှေ့တည့်တည့်ကနေအားရပါးရပြေးလာသောချာတိတ်တစ်ယောက်
"ရား…"
"ဘုန်း"
ထည်ဝါ တစ်ယောက် မူးဝေသွားသည် ချာတိတ် ခန္ဓာ ကိုယ်နဲ့ တိုက်မိခြင်းကြောင့်မဟုတ်ဘဲ အိစက် ပြီးချိုမြိန်တဲ့ နှုတ်ခမ်း တစ်စုံ ထည်ဝါ နှုတ်ခမ်း ပေါ်သို့ကြလာခြင်းကြောင့်ဖြစ်သည်
"ဟေ့ လူကြီး ဘာကြောင်ကြည့်နေတာလဲ မထတော့ဘူးလား "
"ဟမ် ချာတိတ် မင်းထရမယ်မထင်ဘူးလား"
"လူကြီး ခင်ဗျား " နွေဦးလဲပျာပျာသလဲထလိုက်သည်
"ဘာလဲ တောင်းပန်ခိုင်းမလို့လား မင်းအရင် ဝင်တိုက်ပြီးငါ့ကိုမင်းဘဲနမ်းတာနော်"
"ဘာနမ်းတာလဲ မတော်တဆဖိမိရုံတင်"
ထည်ဝါရှက်ရမ်း ရမ်း ပြီးရန်လုပ်နေတဲ့ချာတိတ်ကိုကြည့်ပြီး စချင်လာသည်
"ဟုတ်လား မင်းဘဲငါ့ကိုနမ်းချင်လို့အတင်းပြေးလာတာမှတ်နေတာ"
"ဘာခင်ဗျား ခင်ဗျား "
နွေဦး အဲ့လူကြီးကို အမြင်ကတ်လိုက်တာ အစကသူ့ကိုပညာပေးချင်လို့အားနဲ့ပြေးလာပြီးဝင်တိုက်လိုက်ပေမယ့်တကယ်တမ်းနွေဦးကနမ်းချင်လို့ပြေးလာသလိုဖြစ်သွားသည် နွေဦး ရဲ့ပထမဆုံးအနမ်းလေး... ကျောင်းကော်ရစ်တာမှာဖြစ်တာကြောင့်လူတွေအများကြီးဝိုင်းကြည့်ပြီးဓာတ်ပုံရိုက်ကြတော့သည် နွေဦး ရှက်ရှက်နဲ့အဲ့လူကြီးကိုရန်လုပ်နေမိသည်
"ဘာလဲ မကျေနပ်ဘူးလား ငါမင်းကိုပြန်နမ်းပေးရမလား အလျော်အနေနဲ့"
"ဘယ်သူကနမ်းမယ်ပြောနေလဲ ဒီတိုင်းဖိမိရုံတင်လို့ပြောနေတာကို"
ထည်ဝါ ရယ် ချင် စိတ်ကို ထိန်းကာ
"သြော် မသိပါဘူးတမင်ပြေးလာနမ်းတာမှတ်နေတာ"
"တီ တီ!"
ထည်ဝါ ဖုန်းလာသောကြောင့်ချာတိတ်အား,
"နောက်တစ်ခါမှအတိုးနဲ့ပြန်နမ်းပေးမယ်နော် ချာတိတ်"
"ဘာ ! မလိုချင်ဘူး ခင်ဗျား နဲ့လဲ နောက် မတွေ့ဘူး "
ထည်ဝါတစ်ယောက်ကိုယ့်စိတ်ကိုယ်နားမလည်နိုင် တမ့်နဲ့ဒယ်ဒီလောက်သာရယ်ပြုံးပြတာ Romeနဲ့Mike ရှေ့တောင်ခပ်တည်တည်ရယ် ခုတော့ ၂ကြိမ်သာတွေ့ဖူးသောချာတိတ်အား…