အပိုင်း ၆

9.3K 651 7
                                    

မာဖီးယားကိုကို အပိုင်း ၆

နွေဦးတို့ပထမဆုံး စစ်ကိုင်း တောင် တက်ရသည် စစ်ကိုင်း မြို့ရဲ့ အလှကိုနွေဦးတစ်ယောက်မကြည့်အားပေ အဘယ်ကြောင့် ဆိုသော် နွေဦး၏အနားသို့လိုက်ကပ်နေသောလူကြီးကြောင့်ပင် ဘယ်လိုလူမှန်းမသိ လာမရောနဲ့ဆိုတာကို မြန်မာစကားနားမလည်ဘူးလားမသိဘူးထင်သည်

"ဒီမှာလူကြီး"

"ဟင်ချာတိတ်"

"ခင်ဗျားထိုင်းမှာနေလို့ မြန်မာစကားနားမလည်ဘူးလား"

"ဘာကိုလဲဟင်"

"နွေဦး ကို လာမရောဖို့ ပြော ထားတယ် လေ"

"မရောဘူးလေ"

"ခုဘာလို့အနားကပ်လျှောက်တာလဲ ဝေးဝေးက လျှောက်"

"ရော် လမ်းကဒီတစ်လမ်းဘဲရှိတာလေ"

"ပြီးတာဘဲ ခင်ဗျား ဒီမှာဘဲနေ"

နွေဦး ပြောပြီးသည်နှင့် မိုးသဲတို့နား အပြေးလိုက်သွားသည် မနက်စထွက်ပါပြီဆိုကတည်းက ကြယ်စင် မတို့ ဘာဖောက်လဲမသိ မိုးသဲ ကို ခေါ်ပြီး အရှေ့ကနေသွားကြသည် ဟိုကောင်မိုးသဲကလည်း နွေဦး ကိုမစောင့် နေ့ခင်းဘက် တောင်ပေါ် ထမင်းစားနားချိန်တွင် ဟိုလူကြီးကကြည့်နေ၍နောက်ကျောပေးထိုင်ရသည် အဲဒါ ကို အလိုက်ကန်းဆိုးမသိဒေါ်ကြယ်စင်မကသွားခေါ်လာသည်

"အကိုထည်ဝါ ထမင်း အတူစားရအောင်လေ"

"ရပါတယ် ညီမ အစ်ကို ထမင်းချိုင့်မထည့်ခဲမိဘူး"

"ဟင် ညီမလေး တို့လည်း တစ်ချိုင့်ဘဲပါတယ်"

"ရတယ် အကို မဆာသေးဘူး ဘုန်းကြီးကျောင်း ရောက်မှထွက်ဝယ်စားလိုက်မယ်"

"မဟုတ်တာ နွေဦး ထဲမှာတစ်ချိုင့်ပါတယ် သူကအမြဲပိုထည့်နေကြ"

"ဟာ ရပါ့မလား ညီမရာ"

"ရပါတယ် ဆို လာအစ်ကို"

"အင်းအင်း "

"ဟဲ့ နွေဦး အစ်ကိုထည်ဝါ ထမင်း ချိုင့် မပါလို့တဲ့ နင့်မှာပါတဲ့ချိုင့်အပိုကိုကျွေးလိုက် ပါလား"

"ဘာလို့ ကျွေးရမှာလဲ ငါတောင်မဝဘူး"

"နွေဦး အပိုတွေ မပြောနဲ့ နင်တစ်ချိုင့်ဘဲကုန်တာငါသိတယ်"

မာဖီးယားကိုကို(Completed)Where stories live. Discover now