အပိုင်း ( ၁ )

30.1K 1.1K 122
                                    

တရားဥပဒေက တကယ်ကော မျှတမှုရှိရဲ့လား။
အစစ်အမှန်ကော ဟုတ်ရဲ့လားလို့ လူတွေမေးခွန်း
ထုတ်ကြတဲ့အခါ အဖွဲ့အစည်း တခုကတော့
ပြန်ဖြေတတ်တယ်။

Gun & Justice တဲ့။
တရားမျှတမှု အစစ်အမှန်အတွက် သေနတ်ထောက်ပြီး
ယူရတဲ့ အခါတွေလည်း ရှိတယ်။

ဒီနေ့တရားဥပဒေနဲ့ မဖြေရှင်းနိုင်ရင်နောက်နေ့
အဲ့အဖွဲ့အစည်းက Gun နဲ့ရှင်းလိမ့်မယ်တောင်
လူတွေက ပြောကြတယ်။ အဲ့အဖွဲ့အစည်း နာမည်က
”ခ” လို့ ခေါ်တယ်တဲ့။

”ခ” က လူကြီးပိုင်းတွေတော်တော်များများကို
ချုပ်ကိုင်ထားနိုင်တာကြောင့်တော်ရုံလာမရှုပ်ရဲကြဘူး။

”ခ” ရဲ့ အရင် ခေါင်းဆောင်က မင်းဆက်ခ ဆိုတဲ့
လူဖြစ်ပင်မဲ့ အခုနှစ်ပိုင်းမှာတော့ မင်းဆက်ခ
သူ့ရဲ့ သားလည်း ​ဖြစ် သမက်လည်း
ဖြစ်တဲ့ မို ကို ခေါင်းဆောင်အဖြစ်တင်ခဲ့တယ်။

မင်းဆက်ခ နဲ့ သူ့ရဲ့ခင်ပွန်းကတော့
US ကို သွားလိုက်လာလိုက်သာ။

”ခ” မှာ Company တွေလည်း ရှိသေးတယ်။
Company တွေကို ဦးစီးတဲ့ သူကတော့
ဇေယု ပေါ့။

ဇေယု နဲ့ Sam နှစ်ယောက်ကတော့
ခရီးတွေထွက်ပြီး အနားယူချင်နေပြီ ဆိုတဲ့
အကြောင်းပြချက်ကြောင့် မင်းဆက်ခ ရဲ့
သားအလတ်ဖြစ်တဲ့ မင်း စီမှာလုပ်ငန်းတွေကို ထိုးထည့်ကာ နှစ်ယောက်သား ကမ္ဘာ ပတ်နေကြတော့တယ်။

မနက်ခင်း နေရောင်က မြန်မာနိုင်ငံ ကို
ကျရောက်လာတော့ အိပ်ပျော်နေတဲ့ မိုလည်း
မျက်လုံးတွေပွင့်လာတော့တယ်။

မို ဘေးကို ကြည့်လိုက်တော့ ခွေခွေလေးအိပ်နေတဲ့
သူ့ရဲ့ ကလေးလေး အူကျူးကျူး ခွေးပေါက်လေး.....။

”ငယ်လေး ထတော့ မိုးလင်းပြီ ”

မို နှိုးတော့ တဖက်ကို လှည့်ကာ ဖင်ပစ်ပြီး
ပြန်အိပ်သွားလေရဲ့။

”ဟန်းလေး အခုထမလား ကိုကို ရိုက်ရမလား ”

ခြိမ်းခြောက်လိုက်တော့မှ ငိုမဲ့မဲ့မျက်နှာလေးနဲ့
ထထိုင်လာတယ်။ ဆံပင်လေးတွေကလည်း
ထိုးထိုးထောင်ထောင်နဲ့။

K.T.L (Noel's Husband 2)Where stories live. Discover now