သူ့ရဲ့လူသား လက်ပစ်ဗုံးလေးကို ချီကာ အပေါ်ထပ်ကို
ခေါ်လာတဲ့အထိ ရုပ်က ရှုံမဲ့နေတုန်း............။"ငယ်လေး ကိုကို ပြောတာကို နားထောင်အုန်း "
မို ချော့နေပင်မဲ့ တဖက်ကို သာလှည့်သွားတဲ့
ဟန်းလေးကြောင့် မို ဘယ်လိုချော့ရမလဲကို မသိတော့ဘူး။"ငယ်လေး က ကိုကို ကိုမချစ်ဘူးကွာ "
အဲ့လိုပြောလိုက်တော့မှ လှည့်ကြည့်လာတဲ့
ဟန်းလေး.......။ချက်ချင်းပဲ ငိုင်ကျသွားတဲ့ မို ပေါ်တက်ထိုင်ကာ
ရင်ခွင်ထဲတိုးလာတဲ့ဟန်းလေး......။"ကိုကို က ဟန်းလေးကို ထားခဲ့တော့
ဟန်းလေး စိတ်တွေနာကျင်ရတယ်လေ
ကိုကို ကိုမချစ်တာ မဟုတ်ပါဘူး "မို သူ့ကလေးလေးကို အတော်အသည်းယားလာတယ်။
သူ့ကလေးလေးရဲ့ မျက်နှာကို ဆွဲမော့ကာ
နှုတ်ခမ်းပါးလေးကို နမ်းမိပြန်တယ်။နမ်းနေရင်းတက်လာတဲ့ အရှိန်.......။
မို စိတ်ထဲမှာ ဘုရားတနေမိတယ်။
သူ့ကလေးလေး သူ့ကိုမမြူဆွယ်ပါစေနဲ့လို့........။နမ်းနေတဲ့ ဟန်းလေးက
တဖြေးဖြေးခွထိုင်ကာ မို ရဲ့ လည်ပင်းတွေကို ပါ
ဖက်ကာ တုန့်ပြန်နေတော့ ဟန်းလေး အရှိန်
တက်နေပြီဆိုတာ မို သိလိုက်ရတယ်။မို ချက်ချင်းရပ်ကာ ဟန်းလေးကို ဂျိုင်းကနေ ချီ ပြီး
ကုတင်ပေါ်ချလိုက်တော့ ကြောင်တောင်တောင်
ဖြစ်သွားတဲ့ဟန်းလေး..........။ရုပ်ကလေးကလည်း ငိုမဲ့မဲ့......။
"ကိုကို က ဟန်းလေးကို မချစ်ဘူး "
ပြောရင်း ငိုတော့မဲ့ကလေး ဘေး အသည်းအသန်
သွားထိုင်ကာ..........။"ကိုကို က ငယ်လေးကို မချစ်တာ
မဟုတ်ဘူး ဟန်းလေးရဲ့ ကိုကိုနဲ့ဟန်းလေးက
လက်မထပ်ရသေးဘူး အဲ့တာကြောင့်ပါ
ကိုကို က ဟန်းလေး ကို တန်ဖိုးထားတယ် လူရှေ့
ဘုရားရှေ့မှာပိုင်ဆိုင်ကြောင်းပြ ပြီးမှသာ
သိမ်းပိုက်ပါရစေ ဘာလို့လဲဆိုတော့ ငယ်လေးက
ကို့အတွက် တန်ဖိုးအကြီးဆုံး ဆုလာဒ်လေးမို့ "
ESTÁS LEYENDO
K.T.L (Noel's Husband 2)
Acción"လူသတ်ရဲပင်မဲ့ မင်းကိုတော့ လက်ဖျားနဲ့ တောင်မထိရက်ဘူးငယ် " မို "ငယ်ငယ်ကတည်းက ကိုကို့ ကိုပဲ ချစ်ခဲ့ရတာမို့လို့ ကိုကို ကပဲ ဟန်လေးရဲ့ ရူးသွပ်ရာပါ " ဟန်းလေး "လူသတ္ရဲပင္မ...