အပိုင်း (၁၄)

5.1K 491 33
                                    

လေယာဥ် တစ်စီးတည်း အတူတူစီးလာပြီး
ဆက်ခတို့နဲ့အတူမလိုက်တဲ့ မင်းနဲ့ Kei ကတော့
အခြေအနေတွေကို လေ့လာသုံးသပ်ဖို့
နှစ်ယောက်တည်း အပြင်မှာ သက်သက်နေဖြစ်တယ်။

အမှန်ကတော့ Kei သူအချစ်လေး မင်းစီက
Attention ကို အပြည့်အဝလိုချင်နေတာ
ကြောင့်လည်းပါတယ်။

”အချစ် ”

စာရွက်စာတမ်းတွေနဲ့အလုပ်ရှုပ်နေတဲ့
မင်း ကို Kei ခေါ်နေတာ အခါတရာလောက်
ရှိတော့မယ်။

မင်းလည်း အလုပ်ရှုပ်နေတာကြောင့်
မထူးဖြစ်...........။

Kei ငူငူငိုင်ငိုင်နဲ့ မင်း ရဲ့ ဘေးဝင်ထိုင်လာတာကြောင့်
မင်း Kei ရဲ့ ဆံပင်လေးတွေကို တချက်သာ
သပ်ပေးပြီးအလုပ်ပြန်လုပ်နေလိုက်တယ်။

” ငါ့ ကမ္ဘာ ကြီး က ငါ့ကို အရေးမစိုက်ဘူး
ငါအသက်ရှင်ရတာ အရေးမပါသလို
တောင်ခံစားရတယ် ”

ဆိုပြီး မင်း ရဲ့ ရင်ခွင်ထဲ ခေါင်းတိုးဝင်ပြန်တယ်။

”အချစ် နို့ စို့ချင်တယ် ”

မင်းအလုပ်လုပ်နေရင်း ရုတ်တရက်ဖြစ်
ကြောင်တောင်တောင်ဖြစ်သွားမိတယ်။

အလုပ်ကိုတောင် အာရုံမစိုက်နိုင်ပဲ ခဏသတိလစ်
သွားမိတယ်။

သူသတိပြန်ရတဲ့အချိန် ကလေးဆိုးကြီး က
သူ့အဝတ်အစားတွေကို အတင်းလှန်ကာ
နို့စို့ဖို့လိုက်ရှာနေပြီ။

”Kei ခဏလေး ခဏလေး ဘယ်လိုဖြစ်နေတာလဲ ”

မင်းမေးတော့ Kei တစ်​ယောက် မင်းကို
စူပုပ်ပုပ်ပြန်ကြည့်ကာ.......။

”လာ ကုတင်ပေါ်သွားမယ် ”

ဆိုပြီးကောက်ပွေ့သွားတော့တယ်။

မင်းတစ်ယောက် ဘာမှပြောချိန်မရပဲ
ကုတင်ပေါ်ရောက်သွားတော့တယ်။

ကုတင်ပေါ်ရောက်တာနဲ့ မင်း ရဲ့ အဝတ်အစားတွေကို
ချွဲချွတ်ပြီး တကိုယ်လုံးကို သေချာစိုက်ကြည့်နေပြန်တယ်။

Kei က ကျန်တဲ့အချိန်တွေသာ ကလေးဆန်ပြီး
သူနဲ့အတူတူနေတဲ့အချိန်မျိုးဆို
တကယ့်လူကြီးတစ်ယောက်လို ပြုမှုတတ်တာသိတယ်။

K.T.L (Noel's Husband 2)Tempat cerita menjadi hidup. Temukan sekarang