အပိုင်း (၃)

7.8K 763 85
                                    

စောအေ ညနေကျရင် ”ခ” ဂိုဏ်းသားအချို့ကို
စစ်သင်တန်းပေးစရာရှိတာကြောင့်
အချိန်ဆွဲမနေတော့ပဲ သူ့ကို စီစဥ်ပေးထားတဲ့
စစ်သားဝတ်စုံကိုလဲလိုက်တော့တယ်။

အဆီပိုမရှိတဲ့ Body ကြောင့် ဝတ်စုံက
စောအေ နဲ့အတော်ကို လိုက်ဖက်တယ်။

ရှည်လျားတဲ့အရပ်ကြောင့် လူက ပိုလည်း
ကြည့်ကောင်းသွားပြန်တယ်။

စောအေ ကို ကြည့်လိုက်တာနဲ့ ရှိန်သွားစေမဲ့
အနေအထားမှာရှိနေပြန်တယ်။

တည်တံ့တဲ့မျက်နှာထား လက်ဖျံမှာထင်းနေတဲ့အကြောတွေ အညိုရောင်သန်းနေတဲ့အသားအရေ
နက်မှောင်တဲ့မျက်ခုံးတွေကြောင့် အတော်ကို
ကြည့်လို့ကောင်းတယ်။

စောအေ အဝတ်အစားလဲ ပြီးတာနဲ့အခန်းထဲက
ထွက်လာကာ ကွင်းပြင်ထဲကိုဆင်းလာလိုက်တယ်။

”လူစုံပြီလား ”

စောအေ မေးလိုက်တော့ အယောက်နှစ်ဆယ်လောက်
ရှိတဲ့လူစုက တပြိုင်တည်း........။

”စုံပြီ ”

ဆိုတဲ့အသံထွက်လာတော့တယ်။

”လူစုံရင် AK တွေယူလာခဲ့ တမိနစ်အတွင်း
ဖြုတ်နိုင်အောင်လုပ်ရမယ် ”

စောအေ အမိန့်ပေးလိုက်တာနဲ့ အကုန်လုံး
AK 47 အမျိုးအစားသေနတ်တွေကို
ယူလာကာနေရာယူတော့တယ်။

အဲ့လိုနေရာယူနေတာကို ရဲထက်အဝေးကနေ
ကြည့်ကာ စပ်စုနေတော့တယ်။

”ငါအရင်တပ်ပြမယ် ”

ပြောပြီး စောအေ AK တလက်ကိုဆွဲယူကာ
ထိုင်ချပြီးညာတဖက်ကို ဒူးထောက်ကာ
ပုံစံအနေအထားယူလိုက်တယ်။

စောအေ သေနတ်ကို မဖြုတ်ပြခင်
မောင်းကို သုံးချက်ဆွဲကာ ကျည်ဆံ ရှိမရှိ
စမ်းလိုက်တော့ ကျည်မရှိတာကြောင့်
ကျည်ကဒ်ကို ဖြုတ်ကာ မြေပြင်ပေါ်ကိုချလိုက်တယ်။

(ဘယ်သေနတ်ပဲ ဖြုတ်ဖြုတ် ကျည်အရင်စစ်ပါ
တခါတလေ ကျည်က ညုပ်နေတတ်ပါတယ်)

ပြီးတော့ မူလီတွေကို တွန်းကာ တခုချင်းဖြုတ်လိုက်တော့ သေနတ် က ဖြုတ်ကာနှစ်ခုဖြစ်သွားတော့တယ်။

K.T.L (Noel's Husband 2)Donde viven las historias. Descúbrelo ahora