အပိုင်း (၂)

8.9K 825 90
                                    

စောအေ အပေါ်တက်ကာ အိမ်ခန်းတခုထဲ
ဝင်လိုက်တယ်။
ကြီးလွန်းလှတဲ့အခန်းကို သူသိပ်ပြီးသဘောမကျဘူး။
မွန်းကြပ်သလို ခံစားနေရတယ်။

”ငါ့ ပုခက်နဲ့ ခြံထဲ ဆင်းအိပ်တာပဲကောင်းတယ် ”

ပြောပြီး စောအေ တစ်ယောက် သူ့လွယ်အိတ်ထဲက
ပုခက်ကိုယူကာ ခြံထဲ ဆင်းတော့တယ်။

ခြံထဲရောက်တော့ အုတ်တံတိုင်းနဲ့ သစ်ပင်မှာ
ပုခက်ချည်ဖို့ လုပ်နေတဲ့အချိန် အနောက်ကနေ
တစ်ယောကိယောက် ချဥ်းကပ်လာသလို
ခံစားရတာကြောင့် ခါးကြားထဲက Pistol ကို
ထုတ်ကာ လှည့်ပြီး ချိန်လိုက်တော့ ခုနက
သူ့ကို ပြုံးပြတဲ့ တစ်ယောက်...........။

”Wow Bro အေးဆေးလုပ်ပါဟ ”

ရဲထက် အော်လိုက်တော့မှ စောအေလည်း
သေနတ်ကို ခါးကြားထဲ ပြန်ထိုးထည့်ပြီး
ပုခက်ပြန်ချည်ဖို့လုပ်တော့တယ်။

”မင်းက ပုခက်နဲ့ အိပ်မလို့လား ”

ရဲထက် သူငယ်ချင်းအသစ်ရချင်တာကြောင့်
စောအေကို လိုက်ရောနေတော့တယ်။

”ဟုတ်တယ် ”

”မင်းက ဘယ်ရွာကနေ တက်လာတာလဲ ”

”တနေရာရာကပေါ့ ”

ရဲထက် သူ့​ကို ချေနေတဲ့ တောသားကိုလုံးဝ ကြည့်မရ။

”မင်း အသက်ဘယ်လောက်လဲ ”

စောအေ ရဲထက် အမေးကို မကြားချင်ယောင်ဆောင်ကာ ပုခက်ထဲ ဝင်အိပ်နေလိုက်တော့တယ်။
စောအေ လူတွေနဲ့ စကားပြောရတာ မကြိုက်ဘူး။
အထူးသဖြင့် ဗမာတွေဆိုရင် ပိုတောင်မပြောချင်ဘူး။

”မင်းမပြောချင်လည်း နေ
ငါကမင်းရောက်ခါစ အခက်အခဲ ဖြစ်မှာဆိုးလို့
ပြောပေးမလို့ကို ”

”ကျေးဇူး ”

စောအေ ဘက်က ကျေးဇူးတစ်လုံးတည်းသာ
ပြန်ပြောတာကြောင့် ရဲထက် ဆောင့်အောင့်ကာ
ထွက်သွားတော့တယ်။

ရဲထက်ထွက်သွားတော့မှ စောအေ သူ့ငယ်ဘဝကို
စဥ်းစားမိတယ်။

လွန်ခဲ့တဲ့ ၁၉ နှစ်.......။

”အမိုး သားလေး က ချစ်ဖို့ကောင်းလိုက်တာ ”

K.T.L (Noel's Husband 2)Opowieści tętniące życiem. Odkryj je teraz