မီးတောက်တွေ ကြားထဲမှာ လက်ချင်းချိတ်ကာ
ပြေးနေတဲ့ သူတို့ မိသားစု.......။အပါး (အဖေ) က သူ့ကို ဆွဲ ရင်း ရှေ့ကနေ
ပြေးနေမိတယ်။
အမေကတော့ သူ့ညီလေးကို ချီထားလျက်
အနောက်ကနေ ပြေးလိုက်လာတယ်။ကျည်ဆံတွေကြားထဲမှာ ပြေးလွှားနေရတာ
အကျည်းတန်လိုက်တာ။”မင်းတို့ပြေးလို့ မလွှတ်ရင် မင်းတို့မိန်းမတွေက
ငါတို့အတွက်ပဲနော် ”လို့ ရုပ်ညံ့စွာပြောဆိုနေတဲ့သူတို့..........။
”အ့”
အသံကြောင့်လှည့်ကြည့်လိုက်တော့
ခြေခွေကာ လဲကျသွားတဲ့ သူ့ရဲ့အမိုး (အမေ)။”အမိုး ”
ပြန်လှည့်ကာ ခေါ်မလို့လုပ်တဲ့အချိန်
သစ်ပင်အကြီးကြီးရဲ့ အကွယ်ကို ဆွဲခေါ်သွားတဲ့
သူ့ရဲ့အပါး......။”အပါး အမိုးကို ကယ်ပါအုန်း ”
အဖေဖြစ်သူက ပစ္စည်း တွေကို သူ့သားနဲ့အတူ
ချထားခဲ့ပြီး သူ့သားကိုကြည့်ကာ..........။”ဖိုးခွား လွတ်အောင်ပြေးနော် ”
ပြောလိုက်တော့ ခေါင်းကို သာခါနေမိတယ်။
”ဖိုးခွား အပါးပြောတာနားထောင်စမ်း
မင်းအမိုးနဲ့ညီလေးကို ခေါ်ပြီး လိုက်ခဲ့မယ် ”ငြင်းမရတဲ့အဆုံး အသက် ဆယ်သုံးအရွယ်သာ
ရှိသေးတဲ့ စောအေ က ပစ္စည်း တွေကို
ထမ်းကာ ရှေ့ကနေပြေးရတော့တယ်။ရှေ့ရောက်ပြီး မကြာခင် ကြားလိုက်ရတဲ့
အသံအကျယ်ကြီး။သေချာကြည့်လိုက်တော့ လက်နက်ကြီး ရွာထဲကို
ပစ်ချလိုက်တာပဲ။သူ့မိသားစုလေး.........။
စောအေ ဆက်မပြေးနိုင်တော့ပဲ ကြောင်အကာ
ရပ်ကြည့်နေမိတယ်။”အမိုး အပါး ”
ပြောပြီး လူတွေရဲ့ ဆန့်ကျင်ဘက်စီလျှောက်မိတော့
သူ့ကိုလှမ်းဆွဲတဲ့ လူကြီးတဲ့တစ်ယောက်။
စစ်သားတစ်ယောက်.......။”ဖိုးခွား လာစမ်း အဲ့ကိုမသွားနဲ့ အဲ့မှာပစ်နေကြတယ် ”
ပြောကာ ဆွဲလာတော့ ရုန်းကန်တဲ့ စောအေ.....။
BẠN ĐANG ĐỌC
K.T.L (Noel's Husband 2)
Hành động"လူသတ်ရဲပင်မဲ့ မင်းကိုတော့ လက်ဖျားနဲ့ တောင်မထိရက်ဘူးငယ် " မို "ငယ်ငယ်ကတည်းက ကိုကို့ ကိုပဲ ချစ်ခဲ့ရတာမို့လို့ ကိုကို ကပဲ ဟန်လေးရဲ့ ရူးသွပ်ရာပါ " ဟန်းလေး "လူသတ္ရဲပင္မ...