Uni
အိမ်သို့ Company မှစောစောပြန်လာပီး မောင့်အတွက် seok jinညစာချက်ပြုတ်ပြင်ဆင်ပေးလေသည် ........။သူမှားခဲ့သည်မလား........ မောင်မဟုတ်တဲ့တစ်ခြားတစ်ယောက်နှင့်ဖောက်ပြန်လိုက်ပီးထဲကသူကမှားတဲ့လူဖြစ်နေခဲ့သည်လေ......။
Jin -မောင် ရေမိုးချိူးပီးရင် ညစာစားကြရအောင်
Tae -ဟင် ထူးထူးဆန်းဆန်း ထမင်းတွေဘာတွေချက်လို့
Jin -ဘာလို့လဲ မောင်မကြိုက်လို့လား
Tae -မောင်က seok jin လက်ရာဆိုဘယ်လောက်ကြိုက်လဲ သိရဲ့နဲ့....... ခဏလေးစောင့်နော် မောင်ကိုယ်လက်သန့်စင်လိုက်ဦးမယ်
Jin -အင်း မောင်
ရေချိုးခန်းမှ မှန်လေးကိုကြည့်ပီး ခြောက်ကပ်ကပ်အသံနှင့် tae ရီမိသည်......။ seok jin တစ်ယောက်လူံးသူ့အနားမှာ ရှိနေပါလျက်တစ်ခြားတစ်ယောက်ကိုရင်ခုန်မိသော သူ့ကိုယ်သူမူန်းမိသည်......။တကယ်ဆို seok jin လောက်သူ့အပေါ်ကောင်းသည့်လူရှိမှာမဟုတ်ပေ...။အထီးကျန်လို့ ပစ်ထားလို့ဆိုသော အကြောင်းပြချက်သေးသေးလေးတွေနဲ့ seok jin ကိုမျက်ကွယ်ပြုမိသောသူ့ကိုယ်သူ စိတ်ပျက်လာသည်........။
**************************************
ထမင်းစားခန်းထဲတွင် ဘီယာထိုင်သောက်နေသော jungkook နားသို့ jimin သွားထိုင်ကာ ပုခုံးထကျသို့ခေါငျးလေးမှိီထားသညျ.....။Jimin- ကိုကို
Jk -ဟင်
Jimin -ဟို ဟိုအမေကလေ အမေကကလေးယူဖို့ပြောနေတယ်
Jk -ဟမ် ကလေးယူတာက ကလေးအတွက်ခက်ခဲတယ်လေကွာ ကိုယ်တို့ကလေးမယူပဲနေကြရအောင်
Jimin -ဒါပေမဲ့ အမေကအတင်း
Jk -ကလေး ကိုယ်ပင်ပန်းနေလို့
Jimin -အင်းပါ အဲ့ဒါဆို ကလေးအိပ်တော့မယ် နော်
Jk- omm ကလေး
Jimin- ဟင်
Jk -ကိုယ်တောင်းပန်ပါတယ်
Jimin -ဘာအတွက်လဲ
Jk -ဒီတိုင်း အကုန်
Jungkook တောင်းပန်စကားကို ပြုံးရုံသာ တုံ့ပြန်သွားပြီး အိပ်ခန်းထဲသို့သာ jimin ဝင်သွားလေတော့သည်......။တကယ်ဆို အထူးတလည် တောင်းပန်စရာမှမလိုပဲလေ.....။ကိုကိုကသူ့ကိုအေးစက်စက်အနေအထားနဲ့ဆက်ဆံခဲ့တာကြာပီပဲမဟုတ်လား.....။.
YOU ARE READING
Now ôř Never (Taejinkookmin)Completed
Fanfictionလူမှန်နေရာမှန်မဖြစ်ကြတဲ့အခါ..........💔