Ep 24 (Will you marry me? )

2.7K 224 16
                                    

ဒီနေ့ Jungkook ကိုတိုက်ခန်းလိုက်ဝယ်ပေးရမဲ့နေ့....။တိုက်ခန်းဝယ်ပေးဆိုပီး ပူဆာလွန်းနေလို့ လိုက်ဝယ်ပေးဖို့ seokjin ပြင်ဆင်ပီး စောင့်နေခဲ့သည်.....။ဝယ်ပေးဆိုပီး ပူဆာနေတုန်းကတော့ အခုပဲလိုက်မဝယ်သေးရင်သေတော့မဲ့ အနေအထားနှင့်......။အခု ဝယ်ပေးမယ်လဲဆိုရော မနက်ထဲက ထွက်သွားလိုက်တာ အခုထိအိမ်ပြန်မလာ.....။

တီ တီ တီ

Jin -Hello

Jk -ကိုကို လမ်းထိပ်က ပန်းခြံကိုထွက်လာ

Jin -ဟမ် ဘာလို့လဲ တိုက်ခန်း ကြည့်မယ်ဆို ပြန်မလာဘူးလား

Jk -လာပါဆိုနေမှ ခဏပဲထွက်လာ

Jin -အေးအေး

ဖုန်းလေးချပီး လမ်းထိပ်သို့ထွက်လိုက်ပီး jungkook ကို seokjin လိုက်ရှာနေသော်လည်းမတွေ့....။

Jk -Kim Seok Jin !!!!!

အော်ကြီးဟစ်ကျယ်အော်ခေါ်လာသော အသံလာရာသို့seokjin လှည့်ကြည့်ရင်း ကြောင်နေမိရာမှ အော်ကြီးဟစ်ကျယ်ထရီလေသည်.....။

Jin -ဟားဟားဟား Jeon jungkook ဟားဟား

ယုန်နွားရွက်နဲ့ဘီးကုပ်လေးကိုတပ်ထားကာ Will You Marry Me ဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုင်ထားပီး ကနေသော jeon Jungkook ကိုလူတွေအကုန်ရီပီးကြည့်နေကြလေသည်.....။

Jin -မင်းလက်ကို ချထားစမ်း လူတွေရီနေပီ မင်း မရှက်ဘူးလား....

Jk -မရှက်ပါဘူး တစ်လောကလုံးဝိုင်းလှောင်ပြောင်ရီမောနေရင်တောင် kim seok jin လေးသဘောကျရင် ဖြစ်တယ်

Jin -ငါက ရှက်လို့ပါ ချထားပါ

Jk -မချပါဘူး လက်ထပ်ခွင့်တောင်းတာကို အဖြေမပေးမချင်းမချဘူး

Jin -ဟာကွာ ဘယ်လိုကောင်လဲမသိဘုး

Jk -Will you marry me Yeobo

Jin- Yeobo?

Jk -အင်း မကြာခင် ကျွန်တော့် Yeobo လေးဖြစ်တော့မှာမို့ အား မြန်မြန်အဖြေမပေးဘူးလား လက်ညောင်းလာပီ

Jin -အခု လက်ထပ်ခွင့်တောင်းတာပေါ့..... ?

Jk -ဟာ လက်ထပ်ခွင့်တောင်းတာမဟုတ်လို့ ဘာကြီးလဲ

Jin -အား လက်မခံဘူး

Jk -ဗျာ

Jin -ရိုလဲမရိုဘူး ဟွန်း တော်ပီ မင်းကိုငါလက်မထပ်တော့ဘူး

Now ôř Never (Taejinkookmin)Completed Where stories live. Discover now