Uni
ရွံ့ဗွက်ထဲနစ်ဝင်နေသော ကားဘီးလေးကိုစိတ်ညစ်ညစ်နဲ့ seokjin ရပ်ကြည့်နေရင်း ဘီးကိုခြေထောက်နဲ့ဆောင့်ကန်လိုက်သည်......။
Jin- တောက် ချီးလိုပဲ ကံကိုမကောင်းနိုင်ဘူး ဒီလိုရွာအစုတ်အပြတ်ကိုများ ငါ့ကို ဘယ်လိုလွှတ်ရက်တာလဲ......
စိတ်ညစ်ညစ်နဲ့ တစ်ယောက်ထဲရပ်ပီး စကားပြောနေသော seokjin နားသို့ ဦးလေးကြီး တစ်ယောက်ရောက်လာသည်.......။
Uncle- ကောင်လေး ဘာကူညီရမလဲ...
Jin -ဟို ကျွန်တော့် ကားဘီးနစ်သွားလို့ အဲ့ဒါ
Uncle -အော် တော်တော်ဆိုးတာပဲ ဦးလေးတစ်ယောက်ထဲတော့ကူညီလို့မရလောက်ဘူး ခဏလေး ဦးတူလေးသွားခေါ်လိုက်ဦးမယ်....
Jin -ဟုတ် ဦးလေး ကျေးဇူးတင်ပါတယ်
ဦးလေးကြီးထွက်သွားပီး တအောင့်အကြာကောင်လေးတစ်ယောက်နှင့်အတူ သူရှိရာသို့ တဖြည်းဖြည်းရောက်လာလေသည်.....။ ချည်သားဝတ်ပွပွလေးကို ဖြစ်သလိုဝတ်ဆင်ထားသော်လည်း ရှည်လျားသောအရပ် ကျယ်ပြန့်သောရင်အုပ်တို့နှင့်အတူ ချောမောသောမျက်နှာနှင့်ထိုကောင်လေး....။ ဆံပင်ရှည်လေးကို တစ်ဝက်စည်းထားပီး နဖူးပြင်ကိုလှန်တင်ထားပါသော ထိုကောင်လေးသည် သူသိပ်လွမ်းနေရပါသော သူ့နှလုံးသားလေးဖြစ်မည်ဟု သူတွေးပင်မတွေးခဲ့ဖူး......။
Uncle- ကောင်လေး ဦးတူလေးပါလာပီ တွန်းကြည့်ကြရအောင်...
Uncle- ကောင်လေး ကောင်လေး
ဘေးမှပြောနေသော ဦးလေးကြီးအသံတွေကိုလဲ သူမကြားတော့...... ထိုကောင်လေးမျက်နှာကိုသာ သူတစိမ့်စိမ့် တမေ့တမော ငေးကြည့်နေမိသည်.....။ထိုကောင်လေးကလဲ ခပ်ဆွေးဆွေးလေး သူ့ကိုငေးကြည့်နေသည်မို့ အချိန်အတော်ကြာ သူတို့ဘာစကားမှ မပြောပဲတောင့်တောင့်ကြီးရပ်နေမိခဲ့ကြသည်......။
Jin -Jeon jungkook
Jin -လူယုတ်မာ အကျင့်မကောင်းတဲ့လူ
Jk -ကိုကို
Jin- မခေါ်နဲ့ သွား ထွက်သွား မင်းကို ငါမုန်းတယ် ရက်စက်တဲ့လူ မင်းကိုငါမမြင်ချင်ဘူး
YOU ARE READING
Now ôř Never (Taejinkookmin)Completed
Fanfictionလူမှန်နေရာမှန်မဖြစ်ကြတဲ့အခါ..........💔