Uni
interviewer -ဆရာ့ရဲ့ "Painted us a happy ending" ဆိုတဲ့စာအုပ်က ရောင်းအားအကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ခဲ့တဲ့အပေါ် ဆရာ့အမြင်လေးပြောပြပေးပါရှင့်
Tae -ဒါလေးက ကျွန်တော် သက်ဆိုင်သူတစ်ယောက်ကို ပေးချင်တဲ့ စာစုလေးတစ်စုပါ ဒီတိုင်း..ကျွန်တော်တို့ရဲ့အချစ်ဇာတ်လမ်းတွေကို Happy Ending ဖြစ်ချင်လိုက်တာလို့ တွေးပီး ရေးထားတာမို့ကျေနပ်ပါတယ် ရလဒ်ကိုကျေနပ်တာမျိုးမဟုတ်ပဲ ကျွန်တော် ပို့ပေးချင်တဲ့လူတစ်ယောက်ဆီရောက်ရင်ပဲ ကျေနပ်ပါတယ်
Interviewer- ဟုတ်ကဲ့ပါ ဆရာ့ဇာတ်တွေအကုန်လုံးက အမြဲလိုလို sad ending နဲ့ပဲအဆုံးသတ်လေ့ရှိပေမဲ့ အခုဇာတ်လေးကျတော့ အဆုံးသတ်ကဘာမှန်းမသိရသေးတာကရော ဘာအတွက်ပါလဲ
Tae -ကျွန်တော်ကိုယ်တိုင်တောင် ဒီဇာတ်အဆူံးသတ်ကိုမသိပါဘူး... ဇာတ်သိမ်းမှာ သူ့ကိုပြန်တွေ့ခွင့်ရှိမလား ဇာတ်သိမ်းအထိ သူနဲ့ဝေးနေမလား ကျွန်တော်ကိုယ်တိုင်တောင် မသိပါဘူး......
***********************************
တိတ်ဆိတ်အေးချမ်းတဲ့ coffeeဆိုင်လေးထဲ ဧည့်သည်ပါးချိန် "Painted us a happy ending" ကို jimin ဖွင့်ဖတ်နေခဲ့သည်....။ သူတို့ဝေးပီး ၆လအကြာမှာ ပထမဆုံးထပ်ထွက်တဲ့ kim Taehyung ရဲ့စာအုပ်အသစ်စက်စက်လေး.....။ တစ်ရွက်ချင်းဆီ မြတ်မြတ်နိုးနိုးဖတ်နေရင်း အဖုံးပိတ်ခါနီး နောက်ဆုံးစာပိုဒ်ကလေးမှာ jimin မျက်ရည်တို့ တားမရပဲ မဖိတ်ခေါ်ပဲ စီးဆင်းလာသည်.....။" ငါ့ဘဝတစ်လျှောက်လုံး ရူးမတတ်ချစ်ခဲ့ရတဲ့ လူကနှစ်ယောက်ထဲရှိတယ်.......တစ်ယောက်က ကားလမ်းမမှာမေ့လဲလို့ ဆေးရုံကိုပွေ့ချီပီး ပို့ပေးခဲ့ရတဲ့ ပုပုသေးသေးနဲ့ ချစ်စရာကောင်လေးဖြစ်ပီး....နောက်တစ်ယောက်က အခုထိ ငါ့ကိုပစ်ထားသွားတဲ့ ငါဘယ်တော့မှမမုန်းရက်တဲ့ အဲ့ဒီ ချစ်စရာကောင်လေးပဲဖြစ်တယ်...... ။အဲ့လူသားကြောင့် အကြိမ်ကြိမ်နာကျင်ရပေမဲ့ အဲ့လူသားကိုပဲ ငါအကြိမ်ကြိမ်မြတ်နိုးရတယ်........ ကျေးဇူးပြုပီး ဒီလူသားနဲ့ ငါကိုယ်တိုင် က ရတဲ့ဇာတ်ကိုတော့ Happy Ending ဖြစ်ခွင့်ပေးပါ......
"Painted us a happy ending"
စာအုပ်အဖုံးလေးကိုပိတ်ပီး လက်ကလေးနှစ်ဘက်ပေါ်မှောက်အိပ်ကာ jimin အားရပါးရငိုသည်.....။
YOU ARE READING
Now ôř Never (Taejinkookmin)Completed
Fanfictionလူမှန်နေရာမှန်မဖြစ်ကြတဲ့အခါ..........💔