*This is only an introducing part to my storyline *
သူ(မ)သတင်းထောက်တစ်ယောက်အဖြစ်ရပ်တည်လာခဲ့တာ ဆယ်နှစ်ရှိပြီဖြစ်ပေမဲ့ ဒီတစ်ခါတွေ့ရမည့် သရုပ်ဆောင်ကိုတော့ဖြင့် အနည်းငယ်ရင်တုန်မိပါသည်။
ဝမ်ရိပေါ် ...!
အင်း ... ခပ်ချေချေလေးမို့ သူ(မ)အလိုက်အထိုက် စကားလမ်းကြောင်းပေးရမည်။ ဒီမင်းသားရဲ့ ချေတာလေးတွေကပဲ ပရိသတ်တွေ အကြိုက်ဖြစ်နေရသည်မဟုတ်လား။
" 3.. 2...1.. start! "
ကင်မရာနဲ့ မီးအလင်းရောင်တွေ အဆင်သင့်ဖြစ်သည်နှင့် ထိုအသံကထွက်ပေါ်လာသည်။
သူ(မ)က အပြုံးတစ်ခုကို ချိတ်ဆွဲလိုက်ကာ လက်ထဲမှကိုင်ထားသည့် စာရွက်ထဲက မေးခွန်းတို့ကို ပရိသတ်တွေ စိတ်ဝင်စားအောင် စတင်မေးမြန်းရပါမည်။အရာအားလုံး အဆင်ပြေပြေ ချောချောမွေ့မွေနဲ့ ပြီးဆုံးသွားတော့မည့်အချိန် ... အစီအစဥ်ပြီးဆုံးရန် ၁၀မိနစ်အလို ....
Q - ကိုယ့်ထက်အသက်ကြီးတဲ့သူကို ချစ်သူတော်ရတာ ကံကောင်းတယ်လို့ တချို့ကပြောကြတယ် သူတို့ပြောတာကို မင်းလက်ခံလား။
A - ဘာ??? ကံကောင်းတယ်ဟုတ်လား??? ဘယ်အရူးကပြောတာလဲ?
ရုတ်တရက်ကြီး ဘယ်အရူးက ပြောတာလဲဆိုသည့် စကားနှင့် ခက်ထန်လာသည့် မျက်နှာကြောင့် သူ(မ) ခြေဖျားလက်ဖျားတို့အေးစက်လာရသည်။
ဧကန္တ သူ(မ) မေးခွန်းများမှားသွားတာလား?Q - မဟုတ်ဘူးလေ..။သူတို့ကရင့်...ရင့်ကျက်ပြီးတော့... ကိုယ့်ကို...နား..နားလည်မှုပေးနိုင်..နိုင်...
.
.
..
.
A - f**k!!!ဒီမှာ!!!
ဘာရင့်ကျက်တယ် နားလည်ပေးနိုင်တယ်ဟုတ်လား?
ခင်ဗျားဘယ်ကကြားတဲ့ပေါက်တက်ကရတွေ လာပြောနေတာလဲ!!! ခုချက်ချင်းထွက်သွား!!!.
.
.
.
ထို အစီအစဥ်မှဗီဒီယိုဖိုင်သည်မိနစ်အပိုင်းတွေ လူမှုကွန်ရက်စာမျက်နှာထက်တွင် ပျံ့နှံ့လျက်ရှိရာ ....6M Likes 9k Comments 7.6k Shares
_Highlight comments_
" ဟယ်! မေးတဲ့သူကလည်း ဘာရုပ်ကြီးလဲ! ငါတို့အိပေါ်လေးက ဖြူနုဖွေးအုဖတ် !!!! Wait!! အိပေါ်လေးမှာရည်းစားရှိနေတာလား???"
" ငါတို့ပေါက်စီလုံးလေးက ဘာလို့ အဲ့လောက်တောင်ဒေါသထွက်နေရတာလဲ ?? ဟိုတစ်လောကrumourထွက်တဲ့ CEOရှောင်း နဲ့က တကယ်ကြီးလား??? "
"အောင်မလေး!!! အသည်းတွေကွဲပါပြီ ကိုကိုရဲ့ ! ဟိုစီအီးအိုကြီးနဲ့ဆို ဖန်ကွဲစတွေ ဒီကညီမရင်ထဲ စိုက်ဦးမယ် ကိုကိုရယ်!! "
" အစီအစဥ်တင်ဆက်သူရဲ့ ရုပ်ရည်ကို မblameသင့်ပါဘူး! ဒါနဲ့ ငါ့ယောကျ်ားလောင်ဝမ်နဲ့ယှဥ်ရင်တော့ မလှဘူး "
...........
ထိုညနေတွင် တစ်ရုန်းရုန်းဖြစ်နေသော ပရိတ်သတ်များ၏ commentများကိုပင် အရင်ကလို accအတုနှင့်မစပ်စုနိုင်ရှာသော
idolလေးဝမ်ရိပေါ်၏ တရားဝင်အကောင့် မှပို့စ်တစ်ခုတက်လာလေသည်။___
"ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းချင်ရင် ကိုယ့်ထက်အသက်ကြီးတဲ့ ဘဲကြီးတွေကို ဝေးဝေးကရှောင်ပါ!!!
#ဝမ်ရိပေါ် "
________
# 11 Disadvantages Of Having A Boyfriend Older Than You #
*အသက်ကြီးကြီးဘဲကြီးများ၏မကောင်းကြောင်းကို ရင်နှင့်ခံစားရေးဖွဲ့သည် *
________
Intro part ends .
To be continued .dramaမဟုတ်တဲ့ ပုံစံမျိုးလေးtryထားပါတယ် ။
SBTFပြီးပြီးချင်း အသစ်တင်လိုက်တာလေးပါ။
အရင်ကpublishလုပ်ဖူးပေမဲ့လိုအပ်ချက်တွေကိုeditပြန်လုပ်ထားပါတယ် ။
YOU ARE READING
11 Disadvantages Of Having A Boyfriend Older Than You
FanfictionI'm falling in love with a man who's older 6 years than me ! Type - Fanfiction (BL) Genre - Romance/Comedy OTP name - Zhanyi(战山为王) Language - Burmese (Unicode) Warning - This fiction may contai...