ဆိုးကျိုး - (၁) : သင်၏ ဆိတ်ငြိမ်အေးချမ်းသောဘဝလေး တစစီပျက်သုဥ်းသွားခြင်း။
ရှားရှားပါးပါးရှုတင်နားရက်လေးက အလုပ်ကြိုးစားသူ ဝမ်ရိပေါ်ကို ဝမ်းမြောက်စွာ ကြိုဆိုရှာသည် ။
တတီတီ မြည်လာသော နှိုးစက်လေးကို ကြည့်မိတော့ 8:00 a.m ။
ခလုတ်ပိတ်ကာ ကုတင်ဘေးက စားပွဲပေါ်ကို ပစ်တင်၍ ခြေထောက်နားထိ လျှောကျနေသော စောင်ကို ခေါင်းထိလုံအောင်ပြန်ဆွဲတင်လိုက်သည် ။နေ့လယ်ထိအိပ်မယ်စိတ်ကူးနှင့် ညကတည်းက မန်နေဂျာ အစ်ကိုကိုလည်း မနက်စာလာမပို့ရန်ကြိုပြောထားသည် ။
လိုက်ကာအပြည့်ချထားသည့် သူ့အခန်းတွင် ပြင်ပအလင်းရောင်ဟူ၍ မရှိ ၊ ဘေးပတ်ဝန်းကျင်ကလည်း အပ်ကျသံမရှိအောင် တိတ်ဆိတ်နေသည် ။
နှစ်ယောက်အိပ်ကုတင်ထက်မှာ စောင်နဲ့ လုံးထွေးနေတဲ့ရိပေါ်ဟာ မိနစ်ပိုင်းအတွင်း အိပ်မက်ကမ္ဘာထဲပြန်ရောက်သွားရှာလေတယ် ။.
မနက်ခင်းနေရောင်နွေးနွေးရဲ့အထိအတွေ့နဲ့အတူ သူ့ခါးကို လက်သွယ်သွယ်တစ်စုံက ထွေးပွေ့လာလေတယ် ။
မျက်လုံးတွေက မဖွင့်နိုင်ပေမဲ့ ထိုသူဟာ သူ့ပုခုံးပေါ် ကို ထိုသူက ခေါင်းနဲ့တိုးဝှေ့နေကြောင်းကို သူသိနေတယ် ။
ရိပေါ်မျက်လုံးဖွင့်မကြည့်လည်း စိတ်ကအလိုလို မှန်းဆမိတဲ့ ဒီအထိအတွေ့ပိုင်ရှင်က သူ့လည်တိုင်တွေကို အနမ်းဖွဖွပေးလာတယ် ။"ကျန့်..ကော... "
ခပ်ဖွဖွရေရွတ်တော့ ထိုသူက သဘောတကျရယ်ပြန်တယ် ...။
တကယ်ပါ ထိုသူ့ရဲ့ ရယ်သံက ရိပေါ့်အတွက် မြတ်နိုးစရာပင် ...။
ဟင်း! ရယ်သံတင်မကဘူး အရာအားလုံး ရှောင်းကျန့်ဆိုတဲ့ထိုလူသားနဲ့ ပတ်သက်သမျှ ရိပေါ်ဆိုသူက မြတ်နိုးရပါတယ် ။လည်တိုင်ကို စိတ်ကြိုက်ခြယ်လှယ်ပြီးမှ ထိုသူက ရိပေါ့်နားဆီကပ်သွားပြီး တိုးဖွဖွဆိုပြန်တယ် ။
" အချစ် ~~ အိပ်ရာထတော့လေ~~~ ကိုယ်မနက်စာပြင်ထားတယ် ~~~" တဲ့ ။ချိုချိုမြမြ သြရှရှအသံလေးမှာ ရိပေါ့်နှလုံးသားလေးဟာ မီးမြိုက်ခံရတဲ့ ဖယောင်းလေးပမာ အရည်ပျော်နေရှာတယ် ။
အားလပ်ရက်လေးမှာ အိပ်ရာထဲအပီအပြင် ဇိမ်ယူချင်တဲ့ ဝမ်ရိပေါ်လေးဟာ တတောက်တောက်နဲ့ အရည်ပျော်ကျနေတဲ့ သူ့ရင်ဘတ်ထဲက အကောင်လေးကို လျစ်လျူရှုရင်း "ဟင့်အင်း!"
ဆိုပြီး ထိုလူသားကို ဂျစ်တိုက်ရင်း အပျင်းတစ်နေလေရဲ့ ။
သူ့ငြင်းဆိုမှူကြောင့်လားမသိ သူ့ခါးပေါ်က ထိုသူ့ရဲ့လက်တွေက ပိုတင်းကြပ်သွားပြီး သူ့မျက်နှာအနှံ့ကို ခပ်ဖွဖွအနမ်းတို့ပေးရင်း နှောင့်ယှက်နေလေရဲ့ ။
YOU ARE READING
11 Disadvantages Of Having A Boyfriend Older Than You
أدب الهواةI'm falling in love with a man who's older 6 years than me ! Type - Fanfiction (BL) Genre - Romance/Comedy OTP name - Zhanyi(战山为王) Language - Burmese (Unicode) Warning - This fiction may contai...