ဆိုးကျိုး - (၄ ) : မြေခွေးကဲ့သို့ ယုတ်မာကောက်ကျစ်တတ်ကြခြင်း ။
ရိပေါ် စိတ်ဆိုးနေသည်မှာ တစ်ပတ်ပင်ပြည့်ခါနီးပြီ ... ။
တစ်စုံတစ်ယောက်ဟာ သူ့အား ချော့မော့မည်မရှိ ဖုန်းပင်မဆက်ခဲ့ပါ ။
ရိပေါ်တစ်ယောက်တည်း တငိုငိုတရယ်ရယ်နဲ့ စိတ်နဲလူ မကပ်ဘဲ ဖြစ်ခဲ့ရသည် ။အေဂျင်စီအသစ်နဲ့ ရိပေါ် စာချုပ်ချုပ်လိုက်သည့်ကိစ္စက အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေကာ ပြတ်စဲပြီလား ဆိုတဲ့ သူ့ရဲ့အချစ်ရေးကိစ္စဟာလည်း သတင်းထောက်များအတွက် ကောလဟာလ သတင်းများရေးရန် ကိစ္စတစ်ရပ်ပင် ။
" ကောကော? မအိပ်သေးဘူးလား! "
အခန်းထဲဝင်လာသည်က အခြားသူတော့မဟုတ် အေဂျင်စီအသစ်က စီစဥ်ပေးထားတဲ့ သူမန်နေဂျာအသစ်လေး ။
" မင် ကရော?
ကောကောက နေ့လယ်က ကော်ဖီတွေသောက်ပြီး မအိပ်ချင်သေးတာ "မင် က ရိပေါ်နဲ့ အရပ်ကမတိမ်းမယိမ်းပင် ၊ ငွေမှင်ရောင်ဆံပင်တွေကြောင့် ကလေးမျက်နှာဖြစ်နေသလို စိတ်ကလည်း ကလေးစိတ်ပင် ။
" ကောကောကို ပြစရာရှိတယ်! ဟိုလူကြီး ဒီနေ့တင်လိုက်တဲ့ မင်းသားအသစ်လေ... ရုပ်ကိုလည်းကြည့်ပါဦး... သူငယ်နာမစင်တဲ့ရုပ်နဲ့ !!! "
ရှောင်းရှောင်းကျန့်ဟာ ရိပေါ့်ကို အရေးမစိုက်ရုံတင်မကပါ ရိပေါ်နေရာမှာ နောက်တစ်ယောက်ကို အစားထိုးလိုက်တဲ့သဘော ။
မင် ပြတဲ့ i padရဲ့ ဖန်သားပြင်ထက်မှာ...
"CEOရှောင်းက မင်းသားဝမ်ထက် အသက်ငယ်တဲ့တစ်ယောက်ကို ရွေးချယ်လိုက်တာလား " ဆိုတဲ့ သတင်းခေါင်းစဥ် ကြီးက ပြူးပြဲနေသည် ။
ခေါင်းစဥ်အောက်မှာပါတဲ့ပုံက သတင်းစာရှင်းလင်းပွဲမှာ မင်းသားအသစ်လေးရဲ့ ဆံပင်တွေကို ဖွနေတဲ့ ဟိုလူကြီးရဲ့ပုံနဲ့ ။
တကယ်ပါ ... မြက်နုသိပ်ကြိုက်တဲ့ဘဲကြီးတွေက သိပ်ခြံခုန်တာပဲ ။
ပုံထဲမှာကြည့်ရတာတော့ ဟိုဟာလေးက အသက်တောင်ပြည့်သေးရဲ့လားမသိ ... ကလေးရုပ်နဲ့ ပုပုသေးသေးလေး... ။
YOU ARE READING
11 Disadvantages Of Having A Boyfriend Older Than You
FanfictionI'm falling in love with a man who's older 6 years than me ! Type - Fanfiction (BL) Genre - Romance/Comedy OTP name - Zhanyi(战山为王) Language - Burmese (Unicode) Warning - This fiction may contai...