ဆိုးကျိူး - (၃ ) : နောင်ရေးအတွက် မဟားတရား ခြိုးခြံချွေတာနေခြင်း ။
" ရိပေါ် ... ဒီညနေက brandတစ်ခုနဲ့ စာချုပ် ချုပ်ဖို့ ရှိတယ်... "
မန်နေဂျာ အစ်ကိုက စာရင်းစာရွက်တွေ တစ်ထပ်ကြီးကို ကိုင်ကာ အခန်းထဲမှာ အလုပ်များနေသည် ။
မှန်တင်ခုံရှေ့တွင် ဖုန်းသုံးနေသည့် ဝမ်ရိပေါ့်ကို သတိလှမ်းပေးခြင်း ဖြစ်သည် ။" ဘယ်ဟာလဲ အစ်ကို? "
" ပြည်ပကbrandတစ်ခုပဲ ....
အာ! ဟိုတစ်လောကလေ ရိပေါ် သဘောကျနေတဲ့ စုံတွဲနာရီလေ! အဲ့ဒါ သူတို့ထုတ်တာ ... "" J*** brand???? "
" ဟုတ်တယ်! ရိပေါ် ... သူတို့ကမ်းလှမ်းထားတာ... CEOရှောင်းက မနေ့ကမှ လက်ခံလိုက်တာ ... "
" ဪ... "
J brand က ပြည်ပကနာမည်ကြီး brandတစ်ခု !
ဟိုတစ်လောကမှ သူတို့ဆီက V - day အတွက်သီးသန့်ထုတ်မဲ့ နာရီဒီဇိုင်းက ရှယ်မိုက်!
လူဦးရေအကန့်အသတ်နဲ့ အပြင် စျေးကလည်း ခေါင်ခိုက်နေသည် ။
ဒီဇိုင်းကို တစ်လအကြိုတည်းက ကြို ကြော်ငြာထားတာမို့ လူတွေကလည်း orderတင်နိုင်မဲ့အချိန်ကို စောင့်နေကြသည် ။* ဒေါက်... ဒေါက် *
တံခါးခေါက်သံကြောင့် ရိပေါ်အတွေးတို့ရပ်သွားသည် ။
မန်နေဂျာဖြစ်သူက အလျင်အမြန်ပင် တံခါးကိုပြေးဖွင့်သည် ။" အာ! မင်းသားက ဘာကိစ္စရှိလို့ ? "
အခန်းတံခါးကိုမျက်နှာမူပြီး ရိပေါ် ထိုင်နေသော်လည်း အပြင်ကလူကိုမတွေ့ရသေး။
မန်နေဂျာအစ်ကို၏ ကိုယ်လုံးကြီးနဲ့တင် မြင်ကွင်းက ပိတ်နေလေသည် ။" ကျွန်တော် ရိပေါ်ကောကို Invitation Cardလေးလာပေးတာပါ ... "
ခပ်ဖျော့ဖျော့အသံလေးနဲ့ အခန်းထဲဝင်လာတဲ့ဂျာကင် အဝါလေး ... ။
YOU ARE READING
11 Disadvantages Of Having A Boyfriend Older Than You
FanfictionI'm falling in love with a man who's older 6 years than me ! Type - Fanfiction (BL) Genre - Romance/Comedy OTP name - Zhanyi(战山为王) Language - Burmese (Unicode) Warning - This fiction may contai...