ဆိုးကျိုး - (၅ ) : သင့်ထက် နှစ်များစွာ စောကာ လူဖြစ်လာသည်ကို အကြောင်းပြု၍ exဟူသော မိန်းမပျိုများနှင့် ယောကျ်ားပျိုများ မှိုလိုပေါက်နေခြင်း။
နာကျင်ကိုက်ခဲနေတဲ့ ကိုယ်ကို လျစ်လျူရှုလို့ ဇာတ်ညွှန်းစာအုပ်ကို အာရုံစိုက်လိုက်တယ် ။
ဇာတ်ကားအသစ်အတွက် ရိပေါ် အားစိုက်နေရတာကြောင့် ဒီရက်ပိုင်း အလုပ်သိပ်များသည် ။
မိတ်ကပ်ပြင်ပေးသည့်staffတွေနဲ့ ဒီဇိုင်နာအချို့ က သူ့ဘေးမှာ အလုပ်များနေကြသည် ။" မင် ..? ဒီနေ့ scheduleက ဘာတွေလဲ ? "
i padတစ်လုံးနဲ့ အလုပ်ရှုပ်နေသည့် မင်က သူ့နားရောက်လာကာ ...
" ခဏနေ ရှုတင်တစ်ခုရှိတယ် ပြီးရင် ရသစုံရှိုးတစ်ခု ရိုက်ဖို့ရှိတယ် ဒါပါဘဲ ညနေပိုင်း ကြော်ငြာရိုက်ဖို့ကိုတော့ အချိန်ရွေ့ထားတယ် ... "
"ဪ....
မင်... ကောကို တစ်ခုကူညီပါလား။ ...
ဒီနားက ဆေးဆိုင်မှာလေ ဆေးသွားဝယ်ပေးပါလား... ""ရတယ်ကော .. ဘာဆေးလဲ ?? "
" ကော စာရွက်နဲ့ရေးပေးလိုက်မယ် ... ဆိုင်ရောက်ရင် အဲ့ဒါပြပြီး ဝယ်လိုက် ... "
မှန်တင်ခုံပေါ်မှာ တက်ထားတဲ့ စာရွက်အပိုင်းအစပေါ်ကို ဆေးတစ်မျိုးရဲ့နာမည်ကို ရေးလိုက်ပြီး ထက်ပိုင်းခေါက်ကာ မင့်ကိုပေးလိုက်သည် ။
" မုန့်လေးဘာလေးလည်း အဆင်ပြေရင် ဝယ်ခဲ့လိုက်လေ .. "
" ဟုတ်ကဲ့ ..ကော "
ကူရှင်ပါတဲ့ခုံပေါ်မှာထိုင်နေရသော်လည်း ခါးကဝေဒနာက မသေး ။ ထိုင်ရ , ထရ , ကအဆင်မပြေပေ။
ချီး!! အဘိုးကြီးရှောင်းကျန့် .... လူကို ညင်သာမယ်မရှိဘူး ။ သတိမလစ်ရုံတမယ်ပဲ... ။
၆နှစ်ဆိုတဲ့အတိုင်းအတာတစ်ခုက သူတို့ ၂ယောက်ရဲ့ အမြင်တွေကို တကယ်ကွာခြားစေသည် ။
ရိပေါ်က လူငယ်ဆန်ဆန် တွေးသည်။ ဒါပေမဲ့ ရိပေါ့်အတွေးတွေက ထိုသူ့အတွက်အရေးမပါတဲ့ အရာဖြစ်ကောင်းဖြစ်နိုင်သည် ။
YOU ARE READING
11 Disadvantages Of Having A Boyfriend Older Than You
FanfictionI'm falling in love with a man who's older 6 years than me ! Type - Fanfiction (BL) Genre - Romance/Comedy OTP name - Zhanyi(战山为王) Language - Burmese (Unicode) Warning - This fiction may contai...