3

435 77 2
                                    


Ch 3 - A Fragile and Demure Pea Princess

ခုလေးတင် လင်းဖေးရန်က သေ‌သေချာချာကို "ကူခိုင်ဖုန်းထက် ပိုမြန်အောင် လျှောက်ချင်" သည့် အကြံအတိုင်း လုပ်ခဲ့တယ်ဆိုပေမဲ့ အဲ့လိုရူးကြောင်ကြောင်အကြံကို အပြင်ထုတ်ပြောရမှာ တအားရှက်စရာကောင်းလွန်းတယ်။

ဟုတ်ပါတယ်, သူ့ကိုယ်သူ ပိန်းတယ်ဆိုတာ လင်းဖေးရန်လည်းသိပါတယ်...

သူ့ကိုယ်သူမှ မထိန်းချုပ်နိုင်တာကို !

လင်းဖေးရန် မျက်နှာကြီး နီလာပြီး ကူခိုင်ဖုန်းကို အေးတိအေးစက်ကြည့်လိုက်ပြီး ဆဲချင်နေတယ်..။

 ရုတ်တရက် သူ့အိပ်ကပ်ထဲက ဖုန်းကမြည်လာလို့ ထုတ်လိုက်ပြီး အခန်းအပြင်ကို ထွက်လာခဲ့သည်။ Phone screenကြည့်လိုက်မိချိန်မှာ သူလန့်သွားသည် - ဒီနံပါတ်က သူ့အဖေ ပြည်တွင်းသုံးတဲ့ နံပါတ်လေ။ သူ့အဖေက လွန်ခဲ့တဲ့လကပဲ ဥရောပကို ထွက်သွားခဲ့ပြီ, နောက်သုံးလလောက်နေမှ ပြန်လာမယ်လို့လဲ ပြောသွားသေးတယ်။ ဒီလောက်မြန်မြန် ပြန်ရောက်နေပြီလား..

လင်း‌ဖေးရန် မြန်မြန်ပဲ ဖုန်းကို ပြန်ဖြေလိုက်သည် 

"ဟယ်လို, ပါး, ဘာလို့ ဒီဖုန်းနံပါတ်နဲ့ ဆက်တာလဲ? ပါး ပြန်ရောက်နေပြီလား?"

ဖုန်းကို ဖြတ်ပြီး ကြားရတဲ့ လင်းချိန်ယွိအသံက လေးလေးနက်နက်ရှိပြီး 

"ဖေးရန်, မင်းအဖိုး ဆုံးတော့မယ်"

လင်းဖေးရန် နှလုံးသားလေးက ရုတ်တရက် အေးစက်သွားသည်။ သူ တစ်ခဏလောက် စိတ်လွတ်သလိုဖြစ်သွားပြီး အသံသေးသေးလေးနှင့် တုံ့ပြန်လိုက်သည်။

လင်းချိန်ယွိပြောတဲ့အတိုင်းဆိုရင် နဂို ရှိပြီးသားရောဂါက အခြေအနေကောင်းနေရာကနေ ရုတ်တရက် ပြောင်းပြန်ဖြစ်သွားတယ်။ ဘာလို့ အဲ့လို ဖြစ်သွားလဲဆိုတာတော့ ဘယ်သူမှ မသိကြဘူး။ နောက်နေ့ မနက်ကျရင် လင်းချိန်ယွိကကျောင်းကိုလာပြီး လင်းဖေးရန်အတွက် ခွင့်လာတိုင်မယ်။ ပြီးရင် သူ့ရဲ့မွေးရပ်မြေရွာကို ပြန်ပြီး သူ့အဖိုးရဲ့ နောက်ဆုံး ထွက်သက်ကို သွားတွေ့ကြမယ်တဲ့ ..

Don't You Like Me // မင်းငါ့ကို မကြိုက်ဘူးလား [ မြန်မာ ဘာသာပြန် || BL ]Where stories live. Discover now