6.3

603 106 9
                                    

Ch 6.3 - Going to the bathroom together

Unicode>>

လင်းဖေးရန်မျက်နှာကို အောက်ငုံ့လိုက်ကာ , "ဘာမှမကိုင်ချင်ဘူး!"

ကူခိုင်ဖုန်းသည် တိုးတိုးလေးရယ်နေပြီး ထိုကိစ္စကို ထပ်မပြောတော့ပေ။ အခန်းကို ပြန်‌ရောက်တော့ သူက တံခါးကို တွန်းဖွင့်ကာ slippersကို ချွတ်ပြီး အိပ်ယာထဲ လှဲချလိုက်သည်။

လင်းဖေးရန်ကတော့ မိန်းမ ငယ်လေး ပြဇာတ်ကို ကနေတုန်းပဲ, ကူခိုင်ဖုန်းနဲ့အတူ သူ့အိပ်ယာပေါ်တွင် ထိုင်နေသည်။ ကြောက်လန့်မှုကြောင့် အေးနေသည့် သူ့လက်များကို သုံးပြီး သူ့ပါးလေးကို ထပ်ခါထပ်ခါပုတ်ကာ သူ့ကိုယ်သူ တည်ငြိမ်သွားအောင် အတင်းလုပ်ယူနေသည်။ ခဏကြာပြီးနောက် တစ်နေ့လုံးတွင် ဖြစ်ခဲ့သမျှ ဖြစ်ရပ်များကို သူ့ခေါင်းထဲတွင် ပြန်စီကြည့်နေသည်။

'အဘိုး ဆုံးခါနီးက သူ့ကို လက်လွှဲပေးချင်တာရှိတယ်လို့ ပြောခဲ့တာပဲ။ သူကိုယ်တိုင်တောင် အဲ့အရာကို မထိန်းချုပ်နိုင်ဘူးလို့လည်း ပြောခဲ့သေးတယ်။' လင်းဖေးရန်သည် သူ့မေးစေ့ကို ကိုင်ကာ လေးလေးနက်နက် တွေးနေသည်။

'တကယ်လို့ အဲ့ အမွေအနှစ်ကသာ မမြင်ရ ထိမရသည့် တစ်စုံတစ်ခုဖြစ်နေရင်, အဘိုး မထိန်းချုပ်နိုင်ဘူးဆိုတာ ယုတ္တိရှိနေပြီ။ ပြီးတော့လည်း အဲ့လိုပြောပြီးတော့ သရဲဆိုတာ မသေခင်က လူပဲ ဖြစ်တာမလို့ သရဲတွေကို မကြောက်နဲ့လို့ ပြောခဲ့သေးတယ်။ ကူခိုင်ဖုန်းက မမြင်ရဘူး ဒါမဲ့ ငါကျမြင်ရတယ်, ဒါဆို ဖြစ်နိုင်တာက အဘိုး ငါ့ကို ပေးခဲ့ချင်တယ်ဆိုတဲ့ အရာက........'

အေးစက် ထိတ်လန့်ဖွယ် နားလည်သွားမှုကြီးက ရုတ်တရက် သူ့ခေါင်းထဲသို့ လျပ်စီးကဲ့သို့ ရိုက်ခတ်သွားသည်။ သူ၏လက်ကို မြှောက်လိုက်ပြီး ဖြူဖွေး သွယ်လျသည့် လက်ချောင်းလေးနှင့် သူ့ မျက်ခွံကို ခဏလောက် ဖွဖွလေးပွတ်သပ်နေမိသည်။

ယင် ယန် မျက်လုံး!?

ဒါဆိုရင် ဒီနှစ်တွေ အကုန်လုံး အဘိုးက သရဲတွေကို မြင်နေခဲ့တာပေါ့?

လင်းဖေးရန် အိပ်ယာပေါ်တွင် တောင့်တောင့်ကြီး ထိုင်နေရင်း သူကလေးတုန်းက သူအဘိုးအကြောင်းတွေနဲ့ အဘိုးပြောပြလေ့ရှိသည့် သရဲပုံပြင်တွေ ကို ပြန်သတိရနေမိသည်။ သူစဥ်းစားလေ အဖြေက သေချာလာလေပဲ။

Don't You Like Me // မင်းငါ့ကို မကြိုက်ဘူးလား [ မြန်မာ ဘာသာပြန် || BL ]Nơi câu chuyện tồn tại. Hãy khám phá bây giờ