4.2

380 89 4
                                    

Ch 4.2 - Exactly who is scaring whom to death? 

Unicode>>>

လင်းဖေးရန် ဆေးတွေကို တစ်ချက်ကြည့်လိုက်တယ်။ ကူခိုင်ဖုန်းရဲ့စေတနာတွေကို သူလုံးဝလက်မခံချင်သော်လည်း သူ့ ခန္ဓာကိုယ်က အလွန်အားနည်းနေသည်။ ဆေးဘူးကို ဖောက်လိုက်ပြီး သောက်ရမည့် အရေအတွက်အတိုင်း သောက်လိုက်သည်။ ထို့ပြင် ဆန်ပြုတ်တွေကိုလည်း တစ်စက်မှမကျန်တဲ့အထိသောက်ခဲ့သည်။ သူသောက်ပြီးချိန်တွင်တော့ သူ့ကို ကပ်တွယ်နေသည့် အေးစက်စက်ခံစားချက်သည် လက်စပင်မချန်ပဲ ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်လည်း ပြန်လည် နွေးထွေးလာသည်။ လင်းဖေးရန်သည် သူ၏ပါးစပ်ကို သုတ်လိုက်ပြီး သက်တောင့်သက်သာနှင့် အိပ်ပျော်သွားတော့သည်။

လင်းဖေးရန် ဘယ်လောက်တောင်အိပ်ခဲ့လည်းတော့ မသိ၊ သူနိုးလာချိန်တွင်တော့ အခန်းမီးတောင်မှ ပိတ်ထားပြီးနေပြီ။ အောက်မှ မီးရောင်ပြပြလေးလင်းနေသည်။ ကူခိုင်ဖုန်း စာဖတ်ရန် မီးအိမ်အသေး ထွန်းထားခြင်းဖြစ်ပေလိမ့်မည်။

လင်းဖေးရန် မျက်လုံးများကို မှေးကျင်းလိုက်သည်။ သူအိပ်ချင်မူးတူးဖြစ်နေတယ်၊ သူ့ခေါင်းထဲကို ပထမဆုံးဝင်လာသည့် အချက်ကတော့ သူ၏အဖိုး ဆုံးသွားပြီဆိုတာပဲ၊ ချက်ချင်းပဲ လင်းဖေးရန် ပြန်လည်ဝမ်းနည်းသွားသည်။ ဒုတိယအချက်ကတော့ သူအဖျားကျသွားပြီဖြစ်ပြီး သူမအိပ်ချင်က ခံစားနေရသည့် နုံးချိနေမှုများလည်း အကုန်နီးပါး ပျောက်ကွယ်နေပြီဖြစ်သည်။ သူခေါင်းလည်း မကိုက်တော့သလို ပျို့အန်ချင်တာလည်း မရှိတော့ဘူး။ နုံးချိနေမှုများသည် လုံးဝပျောက်ကွယ်သွားခြင်း မဟုတ်၊ အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်ထဲတွင် အေးစက်စက် စွမ်းအားတစ်ခုတည်ရှိနေသလို ခံစားနေရ၍ဖြစ်သည်။

လင်းဖေးရန်ကတော့ ၎င်းကို သိပ်ဂရုမစိုက်မိပေ၊ ကူခိုင်ဖုန်း ဝယ်လာသည့် ဆေးများက အလွန်အစွမ်းထက်သည်ဟုသာ တွေးနေသည်။ သူနှုတ်ခမ်းကို သပ်လိုက်သည်၊ သူ့ပါးစပ်နှင့် အာခေါင်သည် အလွန်ခြောက်နေပြီး ထကာ ရေသောက်ချင်နေသည်။ ရုတ်တရက် သူစိမ်း ယောက်ျားတစ်ယောက်အသံကို သူ့နားဘေးကနေ ကြားလိုက်ရသည်။

Don't You Like Me // မင်းငါ့ကို မကြိုက်ဘူးလား [ မြန်မာ ဘာသာပြန် || BL ]Nơi câu chuyện tồn tại. Hãy khám phá bây giờ