2

542 74 3
                                    

Ch 2 - Sitting Down Loudly!

ကန်တင်းရောက်တော့ လင်ဖေးရန်မြန်မြန်စားလိုက်ပြီး  စာသင်ခန်းဆီ ပြန်လာခဲ့တယ်။ သူက အိမ်စာတွေကို မြန်မြန်ပြီးသွားအောင် လုပ်ချင်နေတယ် အဲ့ဒါမှ ညကျ သူ့အခန်းကိုရောက်ရင် အေးဆေးနားလို့ရမှာ။

Self-studyချိန်ပြီးတော့ ကျောင်းသားတွေ ညစာစားလို့ရအောင် နားချိန်အများကြီးပေးထားတယ်။ break timeပြီးသွားရင်တော့ ည 8နာရီထိ ညနေခင်း self-studyချိန်ရှိတယ်။

လင်ဖေးရန် သူ့ခုံဆီသွားပြီး mathလေ့ကျင့်ခန်း စာအုပ်ကို ဖွင့်လိုက်တယ်။ သူပုစ္ဆာ2ပုဒ် ဖြေရှင်းပြီးတဲ့ချိန်မှာပဲ ကူခိုင်ဖုန်း စာရွက်တစ်ထပ်ကြီးကို သယ်ပြီး အတန်းထဲ၀င်လာတာကို တွေ့တယ်။ ကြည့်ရတာ ဆရာတစ်ယောက်က ကော်ရစ်ဒါမှာ သူ့ကိုဆွဲပြီး စာရွက်တွေ ပို့ခိုင်းလိုက်တယ်နဲ့တူတယ်။

ကူခိုင်ဖုန်းက သူ့ရဲ့ချောတဲ့မျက်နှာမှာ ဘာအမူအရာမှ မရှိဘဲ essayစာရွက်တွေကို တစ်ယောက်ပြီးတစ်ယောက် ဝေပေးနေတယ်။ လင်းဖေးရန် လိုက်ကြည့်လိုက်တော့ လွန်ခဲ့ ရက်က Literatureဆရာ တင်ခိုင်းထားတဲ့ eassyစာရွက်တွေမှန်း သိလိုက်တယ်။

လင်ဖေးရန် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စိတ်လှုပ်ရှား‌စွာ 1မီတာပဲဝေးတဲ့ ကူခိုင်ဖုန်းကို သေချာကြည့်နေတယ်။

လင်းဖေးရန်ရှေ့က ကျောင်းသားကို စာရွက်ပေးပြီးတဲ့ချိန်မှာ ကူခိုင်ဖုန်းအကြည့်တေွက သူ့လက်ထဲက နောက်စာရွက်ဆီ ရောက်လာတယ်။ စာရွက်ထောင့်စွန်းကို ကိုင်ထားက ခဏတန့်သွားပြီး သူ့မျက်လုံးတွေက စာရွက်ပေါ်မှာ 3စက္ကန့်လောက်ရပ်သွားတယ်။ ကူခိုင်ဖုန်းရဲ့ နှုတ်ခမ်းတစ်ဖက်က အပေါ်ကို မြင့်တက်သွားသည် - အဲ့အပြုံးက နည်းနည်းလှောင်ရိပ်သန်းနေသလိုပဲ။

လင်ဖေးရန် နှလုံး‌သား‌ေလးကတော့ ခုန်ပြီးရင်း ခုန်နေပြီ

ကူခိုင်ဖုန်းက သူ့အပြုံးကို ပြန်သိမ်းလိုက်ပြီး၊ လင်ဖေးရန်ရှေ့မှာ essayစာရွက်ကို ချလိုက်တယ်။ ထို့နောက် ခေါင်းကိုလှည့်လိုက်ပြီး ကျန်တဲ့စာရွက်‌တွေကို ကျောင်းသားတွေဆီ လိုက်ပေးသည်။

Don't You Like Me // မင်းငါ့ကို မကြိုက်ဘူးလား [ မြန်မာ ဘာသာပြန် || BL ]Donde viven las historias. Descúbrelo ahora