01

2.6K 206 7
                                    

Unicode

စူးရှရှနေရာင်ခြည်အလင်းတန်းတို့ကြောင့် မဖွင့်ချင်သေး
တဲ့ မျက်လုံးတွေကို အတင်းဆွဲဖွင့်ခံလိုက်ရသည် မျက်စိရှေ့မှာမြင်နေရတာက သူ့ဘေးနားမှာ ကွေးကွေးလေးအိပ်နေသည့် သူ့အချစ်ဆုံးခွေးလေး Layla
ပြီးတော့.....
"မေမေ့သားလေး အိပ်ယာနိုးနေပီလား"
ကမ္ဘာပေါ်မှာ သူအချစ်ရဆုံးတစ်ဦးထဲသောအမျိုးသမီး......

"ဗိုက်ဆာပီလား သားငယ်လေး "
သူအရမ်းချစ်ရတဲ့အပြူံးတွေနဲ့ ထိုအမျိုးသမီးကို မျက်စိရှေ့မှာမြင်နေရတာမလား ဘာလို့ မျက်ရည်တွေဝဲတက်လာရတာလဲ
"မေမေ မေမေ လားဟင်......"
"ဘာလို့ငိုနေရသလဲ သားငယ်ရယ် မငိုနဲ့ တိတ် မေမေ့သားငယ်ငိုနေတာ မေမေ ဘယ်လိုမြင်နိုင်မှာလဲ"
"တကယ်သားရဲ့ မေမေလားဟင် သားအရမ်းသတိရနေခဲ့တာ မေမေပြန်လာပီလား"
သူ့မျက်လုံးမှာ မျက်ရည်တွေအပြည့်နဲ့ အနားကို တိုးပီး မေမေ့လက်တွေကိုအားကိုးတကြီးဖမ်းဆွဲလိုက်သည့်အခိုက်အတန့် ရုတ်ချည်းဆိုသလို တစ်လောကလုံး ငြိမ်ကျသွားသလိုခံစားရသည်
သူ့ကိုယ်ပေါ်ကို ထိုးကျနေတဲ့ နေရောင်ခြည်မှာလဲ တစ်ဖြည်းဖြည်း မှိန်လာရာကနေ ပတ်ဝန်းကျင်က‌အမှောင်ဘက်ခြမ်းသို့ကူးပြောင်းလာသည် သူ့ရှေ့က မေမေ့ ပုံရိပ်မှာ တစ်ဖြည်းဖြည်း ဝေဝါးလာပီး သူတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့် မေမေ့လက်တစ်စုံအစား လေတွေပဲရှိတော့သလိုခံစားရသည်

"မေမေ ဘယ်ရောက်သွားတာလဲ မေမေ သားကိုမထားသွားပါနဲ့ သားကြောက်တယ် မေမေ"
အသိစိတ်လွတ်ပီး အလွန်အမင်း ကြောက်ရွံနေသည့် ယုန်ငယ်လေးတစ်ကောင်ပမာ တုန်တုန်ယင်ယင်နဲ့ အော်ဟစ်ငိုကြွေးနေတဲ့သူ
"မေမေ.......!!!! "
အခန်းပြင်သို့ပြေးထွက်လာခဲ့ရင်း အိမ်ဝင်တံခါးဝနားရောက်တော့
မေမေကကျွန်တော့ကို ပြူံးပီးရပ်ကြည့်နေတာကိုတွေ့ရပြန်ပီ ပြူံးနေပေမယ့်လဲ မေမေ့မျက်ဝန်းအစုံမှာ မျက်ရည်တွေနဲ့
"သားငယ် မေမေအတွက် သေချာပေါက် အသက်ရှင်ပေးသွားပါ မေမေစိတ်ချရအောင်နေပေးနော်"

သူ မေမေ့ အနားကိုရောက်ခါနီးတိုင်း မေမေက
ပျောက်ပျောက်သွားသည်
မေမေ့ ပုံရိပ် မြင်လိုက်တဲ့နေရာတိုင်းရဲ့နောက်ကိုသူလိုက်ရင်း
"ထပ်ရောက်လာပြန်ပီ ဒီနေရာကို "
သူအမုန်းဆုံးဒီနေရာ သစ်ပင်တွေထူထဲပီးအလင်းရောင် ထိုးမဝင်နိုင်တဲ့ ဒီသစ်တောအုပ်ကြီးရဲ့ အလယ်ကို ရောက်နေသည် သူတစ်ယောက်ထဲ ရှိနေသော်လဲ သူ့လည်ပင်းကို တစ်စုံတစ်ဦးက အားကုန်သုံး၍ညှစ်နေသလိုခံစားနေရသည်
ခေါင်းထဲမှာ ငါသေတော့မယ်ဆိုတဲ့ အသိကလွဲ မရှိတော့ဘူး
"မေမေဘယ်မှာလဲ သားဒီနေရာကိုထပ်ရောက်လာပြန်ပီမေမေရယ် သားကိုကယ်ပါ"
တစ်ကိုယ်လုံးမှာ ရှိသမျှ အားအင်တွေ ကုန်ခမ်းနေပီ နောက်ဆုံးထွက်သက်ပါလုနီးနီး အချိန်လေးမှာ မြင်ကွင်းရှေ့ကိုပေါ်လာတဲ့ ဝေဝါးနေတဲ့ ပုံရိပ်ငယ်လေးတစ်ခု

My Essential Hoon Where stories live. Discover now