17

874 110 53
                                    

Unicode

နေပူကျဲတဲ mainလမ်းမအလယ်ထက် ဆွဲလားရမ်းလားနှင့်အော်ဟစ်နေသော သူတို့နှစ်ယောက်ကို ဖြတ်သွားဖြတ်လာလူများကတော့ မေတ္တာစမ်းနေကြသည့် ချစ်စရာစုံတွဲလေးဟုပင်မြင်နေကြရော့ပီထင်

ကျောင်းသူတစ်အုပ်ဆို ရှင်းဂျယ်ယွန်းဘက်သို့ တဝူးဝူးတဝါးဝါးနှင့်လက်ခုပ်လက်ဝါးတွေပါတီးပီး မြှောက်ပင့်အားပေးသွားကြသည်

ဆောင်ဟွန်းမှာ လေထဲတင်တစ်ခါထဲအငွေ့ပျံပြီးပျောက်သွားချင်လောက်အောင်အရှက်မွှန်နေရသော်လည်း မျက်နှာရှေ့ကအနှီလူဆိုးကြီးမှာတော့မျက်နှာပြောင်နိုင်လွန်းလျက်

ရှက်ရှက်နှင့် သူ့လက်ကိုအတင်းဆွဲခေါ်ကာ ကျောင်းပြင်သို့အပြေးထွက်လာခဲ့သည်။ သူခေါ်ရာနောက်လဲမလိုက်ချင် နောက်ထပ်နာရီဝက်ကျော်ကျော်လောက်ဆို အချိန်ပိုင်းအလုပ်ကလဲဝင်ရတော့မှာမို့ အလုပ်လုပ်နေကျကော်ဖီဆိုင်ဘေးကပ်ရက်က ခေါက်ဆွဲဆိုင်လေးဆီသို့ခေါ်သွားလိုက်သည်။


စာပွဲနီလေးပေါ်သို့ လာချပေးသော ပဲခေါက်ဆွဲနှစ်ပွဲထဲမှ တစ်ပွဲကိုသူ့ရှေ့သို့ထိုးပေးလိုက်၏
သူကတော့ အစားအစာကိုသိပ်အရေးစိုက်ပုံမပေါ် ကိုယ့်မျက်နှာရှိရာကိုပဲစေ့စေ့ငေးကြည့်နေသည်။ အရင်လိုပါပဲ ရှင်းဂျယ်ယွန်းက

"ပြောစရာရှိတာအမြန်ပြောပါ စားလို့ပီးရင် ကျွန်တော်သွားမယ် အချိန်သိပ်မရဘူး သွားစရာလဲရှိသေးတာမို့"

ကိုယ့်ဆီသို့အဆက်မပြတ်စိုက်ကျနေသော သူ့မျက်ဝန်းအကြည့်တွေကို လျစ်လျူရှုရင်း တူနှစ်ချောင်းကိုင်ကာ အစားအစာဆီသို့သာအာရုံပို့လိုက်သည်

"ဒီရက်တွေထဲအဆင်ပြေပြေရှိနေခဲ့ရဲ့လား ကိုယ်တော့ မင်းကိုတစ်နေ့မှမေ့မရဘူး နေ့တိုင်းမှာရူးလောက်အောင်လွမ်းတယ်"

ရီဝေဆွေးမြေ့တဲ့သူ့အသံက ဆောင်ဟွန်း၏လျစ်လျူခြင်းများကိုစတင်နှောင့်ယှက်လာသည်။ ခေါက်ဆွဲတွေကိုတရစပ်စားနေရင်းမှ ခနလောက်ရပ်တန့်သွားမိသည် ပီးနောက်ဂရုမစိုက်သလိုပဲ ဦးခေါင်းတစ်ခုလုံးကို ဆက်တိုက်ငုံ့ထားမိ၏

My Essential Hoon Where stories live. Discover now