28

936 116 195
                                    

Unicode

"အင်း hyung ကျွန်တော်ဟိုတယ်ရောက်နေပြီ.......ခနလောက်နားအုံးမယ် တွေ့ရမယ့်သူတွေကိုတော့ညနေလောက်ချိန်းထားတယ်"

ရှန်ဟိုင်းမြို့၏ အထပ်မြင့်ဟိုတယ်အခန်းတစ်နေရာမယ် ဂျယ်ယွန်းတစ်ကိုယ်ထဲ.......အပေါ်စီးထက်မှဖြန့်ကျက်နေရာယူမိသောရှန်ဟိုင်းမြို့ရဲ့အလှဟာ အရောင်အဆင်းစုံလင်လင်နဲ့မျက်စိပသာဒဖြစ်လင့်ကစား စိတ်နှလုံးအစုံကတော့ ဆိုးလ်ရပ်ဝန်းတစ်ဝိုက်ဆီသို့သာတစ်ဝဲလည်လည်ဖြစ်နေမိ၏။

အဖေ၏ ကြင်ဖက်တွေ့ရန်အတင်းအကြပ်စီစဉ်မှုအား ဂျယ်ယွန်းရသမျှနည်းနှင့်တိမ်းရှောင်ဖို့ကြိုးစားရင်း ယခုလိုအစ်ကိုဖြစ်သူသွားရမည့်ခရီးစဉ်မှာ သူကဦးဆောင်သူလုပ်နေရတော့သည်ပင်။

ဆိုးလ်မှာကျန်နေခဲ့မယ့်ချစ်သူလေးအား ရက်တောင်မကူးသေး အသည်းအသန်လွမ်းနေရသလို......သူ့နေရာကိုအစားထိုးဝင်လိုက်ရသည့် အစ်ကိုဖြစ်သူဟီဆွန်းခမျာလဲ အဆင်မှပြေပါလေစ

လောလောဆယ်ဖုန်းပြောချိန်မှာကြားနေရတဲ့အသံအဆင်းကတော့သိပ်မလှ......ပုံမှန်ထက်ကိုအားမရှိအင်မရှိသိသိသာသာမှိန်ကျနေတာကိုဂျယ်ယွန်းသတိထားမိသည်။

("အင်း.....ဟိုတယ်တောင်ရောက်နေပြီလား Hyungလဲခုပဲကုမ္ပဏီပြန်ရောက်နေပြီ")

"ဟင် ဘယ်အချိန်ကတွေ့ကြတာမလို့လဲ......တစ်ဖက်ကောင်မလေးနဲ့ကအဆင်မပြေဘူးလား"

("ဘာကိုအဆင်ပြေရအောင်လဲ ငါမှစိတ်မဝင်စားတာ မင်းဇယားရှုပ်သမျှကိုလိုက်ထိန်းပေးနေရရုံပဲလေ.....တော်သေးတာတစ်ခုက တစ်ဖက်ကောင်မလေးကလဲပွင့်ပွင့်လင်းလင်းပြောလာတယ် သူ့မှာသဘောကျနေတဲ့သူရှိလို့ပါတဲ့ အဆင်ပြေသွားတာပေါ့ ငါကဇယားတွေဆက်ရှည်နေအုံးမယ်ထင်တာ")

"အမ်.....ဒါဆိုစစတွေ့ခြင်းမှာတင် တန်းအငြင်းခံလိုက်ရတာလား hahaha"

("ရီမနေနဲ့ ဒီနေ့တွေ့တဲ့နေရာကို မင်းရဲ့မှုန်ကုပ်ကုပ်လေးရောက်လာတယ် တိုက်တိုက်ဆိုင်ဆိုင်တစ်ဖက်မိန်းကလေးကသူ့သူငယ်ချင်းတဲ့ ယုမီဆိုတာမင်းသိမလားတော့မသိဘူး")

My Essential Hoon Where stories live. Discover now