Unicode
ဆေးရုံငယ်၏ ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်အား ထိုးဖောက်သွားသောအသံတစ်ခု
ဖန်သားပြင်တစ်ချပ်ကွဲကြေသွားသောအသံနှင့်ဆင်တူ၏"ဆောင်ဟွန်း စိတ်လက်မာန်ပါမလုပ်စမ်းနဲ့ ဦးလေးစကားကိုနားထောင်"
"ဘာမှနားထောင်စရာအကြောင်းမရှိတော့ဘူး အဖေဘယ်မှာလဲ အဖေ့ကိုဘယ်နေရာရွှေ့လိုက်ကြပြန်ပီလဲ ကျွန်တော့်အပေါ်ဒီလောက် လုပ်ရက်မှဖြစ်မှာလား"
ပြတင်းတံခါးမှန်ပေါ် လက်သီးအားကုန်သုံးလျက်ဒေါသတွေပုံချလိုက်တဲ့ဆောင်ဟွန်းကား ထိန်းချုပ်နိုင်မှုကင်းမဲ့လွန်းစွာ
ဘယ်ဘက်လက်ဆစ်ထိပ်ဖြူဖြူပေါ်သို့ ချင်းချင်းနီသွားသောသွေးစများနှင့်အတူ ဝိုင်းစက်သောမျက်လုံးအစုံမှာလဲ ဒေါသအရှိန်ကြောင့် နီမြန်းသောသွေးကြောမျှင်လေးများပင် တန်းထွက်နေသည်
"Ahjussiမပြောပြဘူးလား ရတယ် အမေ့ဆီကျွန်တော်အခုသွားမယ်"
ဒေါသတကြီးဖြင့်ပြောပြောဆိုဆို လှည့်ထွက်ခါနီးဆောင်ဟွန်းအား ရုတ်တရက်ပေါ်ထွက်လာသော အမျိုးသမီးတစ်ယောက်၏စကားသံက ထိန်းချုပ်တားဆီးလိုက်သည်
"ပတ်ဆောင်ဟွန်း! ဘယ်နေရာမှာလာပီး ရိုင်းစိုင်းနေတာလဲ"
မာကြောသောမျက်နှာထားကိုဆင်မြန်းလျက် အနားသို့တစ်လှမ်းချင်းလျှောက်လာသူကား အမေ
မီးဟုန်းဟုန်းတောက် မျက်ဝန်းအစုံတို့ဖြင့် ကျယ်လောင်အားပါသော အမေ၏ဒေါသသံကိုကြားလိုက်ရပေမယ့် ဆောင်ဟွန်းတုန်လှုပ်မနေခဲ့ပါ"ဒီချိန် စာအသည်းအသန်လုပ်နေရမယ့်ကျောင်းသားက ဆေးရုံရှေ့လာပီး အရေးမပါတာတွေလာလုပ်နေတယ်တဲ့လား အတွင်းရေးမှူးLee အလုပ်ကိုသေချာမလုပ်ဘူးထင်တယ် ဒီလိုကိစ္စတွေထိပါ ငါကလိုက်ဖြေရှင်းပေးရမှာလား"
"တောင်းပန်ပါတယ်Mrs. ကျွန်တော် တားပါသေးတယ် ဆောင်ဟွန်းက ဘလိုမှပြောမရပဲဇွတ်ထွက်သွားလို့လှမ်းခေါ်လိုက်ရတာပါ"