Unicode
"ကျောင်းလိုက်ပို့ချင်ပါတယ်ဆို......ခနလေးပဲလေ ကားအမြန်ပြန်ယူလိုက်မယ်လို့"
~
ညက မက်ဂျူဘယ်နှစ်ဘူးတွေသောက်လိုက်မိမှန်းတောင်သေချာမမှတ်မိ၊ မျက်လုံးထဲမှာ တစ်အိမ်လုံးချာချာလည်သွားပီးတဲ့နောက် အသိစိတ်လုံးလုံးလွတ်သွားခဲ့တာ
မနက်နိုးလို့ အမြင်အာရုံလဲပွင့်ရော မြင်ကွင်းထဲကိုတိုးဝင်လာတဲ့ပထမဆုံးအရာက တစ်ယောက်သောသူရဲ့ရင်ခွင်ကျယ်တစ်ခုရယ်၊ နောက်ထပ် အသိစိတ်နဲ့ နှလုံးသားကိုလိပ်ပြာလန့်စေသော သူ့ရဲ့မျက်နှာကြည်ကြည်
အလန့်တကြား အရှက်သည်းစွာနဲ့ မနက်ခင်းကိုဒီလိုမျိုး နိုးထလာခဲ့ရပီးတဲ့နောက် တစ်ဆက်ထဲမှာပဲ တုန်ရီနေတဲ့နှလုံးသားက ရုန်းချည်းနွေးထွေးသွားရပြန်တယ်။
သေချာပြန်တွေးကြည့်ရင် အဲ့ဒီ အန်နာဆိုတဲ့အမျိုးသမီးနာမည်ကြားပီးထဲက ရှင်းဂျယ်ယွန်းအပေါ်ကို ထင်တိုင်းကြဲလိုတာထက်ပိုပီးဆိုးသွမ်းခဲ့မိတာ၊ ရှင်းပြတာတွေလဲ နားထဲမဝင်၊ ခေါင်းထဲမှာ ငါ့ထက် တစ်ခြားသူကိုအရင်ရွေးခြယ်ရက်ခဲ့လေခြင်းဆိုတဲ့ အတ္တဒေါသတွေပဲကြီးစိုးနေခဲ့မိတာ
သူနဲ့ မပတ်သက်ရဘူး၊ ပတ်သက်လို့မဖြစ်တဲ့ကံကြမ္မာလို့အကြိမ်ကြိမ်ခေါင်းထဲသံမှိုစွဲထားပေမယ့်လဲ ကြာကြာမခံ၊ မသိစိတ်တစ်နေရာက တပ်မက်ပိုင်ဆိုင်လိုခြင်းတွေဟာ သိစိတ်တစ်ဖက်ရှိရာကို ကိုယ်တိုင်တောင်မသိလိုက်ခင်မှာ တရွေ့ရွေ့ရောက်ရှိလာခဲ့ပြီ၊ သူ့ရဲ့မပြောင်းမလဲသောဂရုစိုက်တတ်ခြင်းတွေကတော့ ဒါအတွက် တွန်းအားတစ်ခုလို
အိပ်ခန်းထဲကပြေးထွက်လာလာချင်း တောက်ပြောင်သပ်ခတ်နေတဲ့ အိမ်တွင်းပတ်ဝန်းကျင်တစ်ခုလုံးက ဆောင်ဟွန်းရဲ့နှလုံးသားကိုရာနူန်းပြည့်နွေးထွေးစေခဲ့တယ်၊ ညတုန်းက အရက်မူးနေတုန်းဘာတွေဖြစ်ခဲ့လဲလုံးလုံးမမှတ်မိပေမယ့် အဲ့ဒီမတိုင်ခင် ရှင်းဂျယ်ယွန်းအပေါ်ပစ်ပစ်ခါခါတွေ ပြောလွှတ်ခဲ့တာတွေကိုပြန်သတိရမိတော့ ရင်မှာဝမ်းနည်းအားနာစိတ်တို့ကဝင်ရပြန်တယ်