Unicode
"ဆောင်ဟွန်း မင်း ဖုန်းသံကလဲ တစ်ဂျီဂျီနဲ့ အဆက်မပြတ်ပဲ ဘယ်သူကဆက်နေတာလဲ"
ရှမ်ပိန်တစ်ခွက်ကိုဟန်ပြကိုင်ကာ စိတ်မကြည်မသာ ဟိုကြည်ဒီကြည့်ရပ်နေတုန်း ဘေးကအမေ့ဆီမှစကားသံကြောင့် ဆောင်ဟွန်း ဘောင်းဘီအိတ်ကဒ်နားကို ကပြာကယာလက်ဖြင့်ဖုံးလိုက်သည်။
ရှင်းဂျယ်ယွန်းတစ်ယောက်ကို ဘာအကျိုးအကြောင်းမှလဲပြောမပြရသေးပဲထွက်လာခဲ့ရတော့ တဂျီဂျီနှင့်ဖုန်းတွေဆက် စာတွေပို့နေရောပေါ့၊ ဆက်တိုက်တုန်မြည်နေသောဖုန်းကိုစက်ပိတ်ချကာ အမေသတိမထားမိအောင်ဟန်းမပျက် ပြန်ထိန်းရသည်။
"Mrs.Ari ခင်ဗျား တကယ်ရောက်လာတာပဲနော်"
နောက်ကျောဘက်ဆီမှ ပြတ်သားကြည်လင်သော အမျိုးသားတစ်ယောက်၏အသံကိုကြားအပီး လှည့်ကြည့်လိုက်မိတော့
အကောင်းစားbrandများကို တစ်ကိုယ်လုံးဆင်မြန်ထားကာ ဆောင်ဟွန်းတို့ရှိရာသို့ လျှောက်လှမ်းလာသော အမျိုးသားတစ်ဦး၊ အမြင်အားဖြင့် အမေနှင့်အသက်အရွယ်မတိမ်းမယိမ်းခန့်လောက်ရှိမည်
အသံရောင်ဝါမှာပြတ်သားကြည်လင်သလောက် ဥပတိရုပ်မှာလဲပကတိရှင်းလင်းခန့်ညား၏။ ထိုအမျိုးသားက မည်သူနည်း
"တကယ်ရောက်လာရမှာပေါ့ ဥက္ကဌSimကိုယ်တိုင်ဖိတ်တဲ့ပွဲကို ကျွန်မကမလာပဲနေဝံ့ပါ့မလားနော် အဟင်း တွေ့ရတာဝမ်းသာပါတယ်"
ဥက္ကဌSim......
ဆောင်ဟွန်း အတန်ငယ်အံ့ဩမှုပြုမိသည်။တစ်ကိုယ်လုံးမှာလဲကြက်သီးဖြန်းဖြန်းထလျက်၊ မျက်စိရှေ့က ဒီအမျိုးသားသည် ဆောင်ဟွန်းသိတဲ့ဥက္ကဌSimသာဆို မလွဲဧကန် ဒီလူဟာ ရှင်းဂျယ်ယွန်းရဲ့အဖေပေါ့ဒါဆို အမေကရော SIM groupနဲ့ဝေးဝေးနေရမယ်ဆိုပြီး စီးပွါးပြိုင်ဖက်ကုမ္ပဏီရဲ့ပါတီကိုဘာကြောင့်များတက်ရောက်ရသလဲ၊ မသိနားမလည်စူးစမ်းလွန်းသောမေးခွန်းပေါင်းစုံတို့အား ဦးနှောက်ထဲဝယ် အသည်းအသန် အဖြေရှာနေဆဲ
မနီးမဝေးရှိ နံရံထောင့်နားမှ မြင်ဖူးနေကျ ပုံရိပ်တစ်ခုကို ဖြတ်ခနဲလှမ်းတွေ့လိုက်ရသည်