ရေခဲတုံးလေးတွေအပြည့်နဲ့ အရက်ခွက်တခွက်ကို ကျွန်တော့်ဘယ်ဘက်လက်နဲ့ကိုင်ပြီးမော့သောက်ချလိုက်တယ်။
ပြီးရင် ညာဘက်လက်မှာရှိတဲ့ သောက်လက်စ စီးကရက်တလိပ်ကိုလဲ တရှိုက်ပြီးတရှိုက်ဖွာနေလိုက်တယ်။
ဒီအရက်တခွက်ကုန်ရင် ငါ့နာကျင်မှုတွေပျောက်သွားမှာပါ
ဒီစီးကရက်တလိပ်ကုန်ရင် ငါ့နာကျင်မှုတွေပျောက်သွားမှာပါနဲ့
တခွက်ပြီးတခွက် တလိပ်ပြီးတလိပ်သာ ကုန်ဆုံးသွားတယ်
နာကျင်နေရဆဲဘဲ
ကျွန်တော့်အနားမှာဘယ်သူမှမရှိတော့ဘူး
အရက်ပုလင်းတွေနဲ့သောက်ပြီးသားစီးကရက်ခွံတွေဘဲကျန်တော့တယ်။ ။ ။