ခုတလော အတွေးသမားတယောက်လိုစဉ်းစားနေမိတယ်
အရင်ကကော်ဖီတွေမကြိုက်တတ်တဲ့ကျွန်တော်ဟာ တစုံတယောက်ကြောင့်ကော်ဖီတွေသောက်ဖြစ်ခဲ့တယ်
အကျင့်တခုကဘယ်လိုတောင်စွဲတတ်သလဲဆိုတာ အခုသူဘေးမှာမရှိတော့တာတောင် ကော်ဖီတွေသောက်ဖြစ်မိနေတုန်းဘဲ
ကြိုက်လွန်းလို့သောက်တာမဟုတ်သည့်တိုင် လက်တေးတခွက်ကိုတော့ကျွန်တော်သောက်သောက်ဖြစ်နေမိတယ်
လူတွေကခံစားချက်ပေါ်မူတည်ပြီးပြုမူတယ်လို့ပြောကြတယ်
ကြည့်ရတာ ကျွန်တော်သောက်နေကျလက်တေးတခွက်က တ၀က်ကသူ့ကိုချစ်တဲ့စိတ် တ၀က်ကသူ့ကိုချစ်မိလို့နာကျင်ရတဲ့စိတ်ဘအဲ့နောက်မှာတော့ အမြှုပ်လေးတွေနဲ့ပုံဖော်ထားတဲ့အသည်းပုံလေးက သူ့ကိုမမေ့နိုင်တဲ့စိတ် အဲ့လိုဖြစ်နေမိမယ်ထင်တယ်
ကျွန်တော် နောက်ထပ်ဘယ်အချိန်ထိ လက်တေးကိုဆက်သောက်နေမိမလဲဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်လဲမသိခဲ့ဘူး။ ။