သူ့ကိုချစ်မိလို့ရတဲ့ ဒဏ်ရာတွေကို black coffeeမှုန့်လိုထည့်
သူပေးတဲ့ပျော်ရွှင်ခြင်းဆိုတာလေးတွေကို သကြားမှုန့်အနည်းငယ်လိုထည့်
သူ့ကိုချစ်မိခဲ့စဉ်ကစ ၀မ်းနည်း၀မ်းသာကျွန်တော်ကျခဲ့တဲ့မျက်ရည်တွေကို ရေနွေးလိုထည့်
နာနာလေးမွှေပြီး black coffeeမှုန့်တွေ အနည်ထိုင်တဲ့အထိစောင့်ပြီးနောက်
ကျွန်တော်အမြဲသောက်နေကြ ခါးသက်သက်black coffeeတခွက်ရရှိခဲ့ပြီ။
အဲ့ကော်ဖီနာမည်လေးကိုတော့ နာကျင်ခြင်းကော်ဖီလို့အမည်ပေးထားသည်။ ။ ။