မတရားဘူး

6 1 0
                                    

လူတယောက်ဟာ အချစ်တော့ခံချင်ပေမယ့်
သူတပါးကိုတော့ မချစ်ပေးတတ်ဘူး

လူတယောက်ဟာ ကိုယ့်ကိုဘဲအလေးပေးတာခံရချင်ပေမယ့်
သူတပါးကိုတော့ မထည့်တွက်ပေးဖူးဘူး

လူတယောက်ဟာ ဖြည့်ဆည်းပေးခံရချင်ပေမယ့်
သူတပါးကိုတော့ ဘာမှမလုပ်ပေးဖူးဘူး

ဒါပေမယ့် တကယ့်ချစ်ခြင်းနဲ့ချစ်ခင်ရတဲ့သူအဖို့တော့
တဖက်လူကဘယ်လိုဘဲဖြစ်နေပါစေ
သူတို့အတွက်ဆို ပေးဆပ်ဖို့ အနစ်နာခံဖို့ ချစ်ပေးဖို့ နွေးထွေးပေးဖို့ အမြဲတွေးတောနေတယ်ဆိုတာပါဘဲ

ကဲ ...
ဘယ်မှာလဲ ...
ချစ်ရတဲ့သူအတွက် တရားမျှတမှု...

ဒါကြောင့် ကျွန်တော့်အတွက်တော့
အချစ်ဟာ မတရားဘူးဘဲ။ ။

Love = PainWhere stories live. Discover now