မပြည့်သောဆု

8 1 1
                                    

ဒီနေ့သူမနဲ့စတွေ့ခဲ့တဲ့နေရာလေးမှာဘဲ သူမကလမ်းခွဲကြရအောင်လို့ပြောလာခဲ့တယ်။

အကြောင်းပြချက်ကတော့ ငါတို့တွေနှလုံးသားချင်းမနီးစပ်ကြတော့လို့တဲ့။

အရင်တုန်းကရော ငါတို့တွေနီးစပ်ခဲ့ကြရဲ့လား။

ငါ့ဘက်ကတော့ ငါ့ဘ၀တခု‌လုံးပုံပေးပြီး ချစ်ခဲ့ပေမယ့် မင်းဘက်ကတော့ အဲ့လိုချစ်ခဲ့ပါမလား။

ဒီနေ့သူမကအဲ့လိုလမ်းခွဲဖို့ပြောလာပြီး ဒီနေ့တနေကုန်‌ နောက်ဆုံးအချိန်တွေကိုတူတူကုန်ဆုံးသွားကြရအောင်တဲ့။

ကျွန်တော့်မှတ်ဉာဏ်တွေထဲ သူမလမ်းခွဲဖို့‌ ပြောလာတဲ့ဒီနေ့ကိုတော့ ကျွန်တော်လုံး၀မမှတ်မိတော့ရင်ကောင်းမယ်လို့ မပြည့်သောဆုကိုတောင်းနေမိခဲ့တယ်။ ။ ။

Love = PainWhere stories live. Discover now