💌1💌

405 20 15
                                    

"2020ခုနစ် Aprilလတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတွင် နစ်နာသူ သေဆုံးခဲ့.."

❄️❄️❄️❄️
"သား ဒီခဏ.."

"ဟုတ် ‌ဒယ်ဒီ ဘာပြောမလို့လဲ.."

"သားကအခု အထက်တန်းနောက်ဆုံးနှစ် အလေလိုက်လို့မရဘူး အဲ့တော့ ဒယ်ဒီစာသင်ပေးဖို့ ဆရာခေါ်ထားတယ်"

"သားကိုမတိုင်ပင်ဘဲ ဘာတွေလုပ်နေကြတာလဲ သားသဘောမတူဘူး အဲ့ဆရာဆိုတာလည်း ပြန်လွှတ်လိုက်..."

"Oh Sehun!! မင်းသဘောမေးနေတာမဟုတ်ဘူး အသိပေးတာမဟုတ်ဘူး သတိပေးတာ မနက်ဖြန်လာလိမ့်မယ် ပြင်ထား.."

အဲ့တာတွေ အိမ်မှာမနေချင်တာ အထက်တန်းစာများ ဘာခက်လို့လဲ လာပြီး အရေးကြီးခွင်ကျယ်တွေ သူကျမကောင်းတာတွေလုပ်ပြီး သားလည်းအဲ့လမ်းစဉ် လိုက်ခိုင်းချင်နေတာ

"အင်း Chanyeol..."

".........."

"ငါ့အဖေလေ စာသင်ဖို့ဆရာခေါ်ထားတယ်တဲ့ အလကား..."

"......."

"ငါကသာမကျေနပ်နေတာ ပြန်ပြောလို့ရဖူးလို့လား"

"............"

"ငါကဘယ်သူလဲ Oh Sehunပါ ပြန်ပြေးအောင်လုပ်ပြမယ် အဲ့ဆရာဆိုတာ.."

Sehun ဖုန်းချလိုက်ပြီး ကုတင်ပေါ်ပစ်တင်လိုက်သည်။ စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကိုသာ ထိုးဖွမိနေတော့သည်။ သူတွေးနေသည့်အကြောင်းသည်..
'မနက်ဖြန် အဲ့ဆရာကို ဘယ်လိုပြန်ပြေးအောင် လုပ်ရမလဲ' ဆိုတာပင်။

"သားငယ် မနိုးသေးဘူးလား အဒေါ်ကြီး.."

"မနိုးသေးဘူးထင်တယ် သခင်ကြီး သွားနိုးလိုက်ရမလား.. "

"အင်း ဒီနေ့ဆရာလာမယ်ပြောတယ် ကျောင်းပိတ်ရက်မလား သွားနိုးလိုက်တော့ "

အဒေါ်ကြီး အပေါ်ထပ်တက်သွားတာကို ကြည့်ပြီး သက်ပြင်းချမိသည်။ မိတဆိုးသားမို့ အလိုလိုက်ခဲ့သမျှ ဆိုးနေပါရောလား။ သူကဒီလောကထဲ မရှိတော့ရင် ပိုင်ဆိုင်မှုတွေ လုပ်ငန်းတွေက သားငယ်ဘဲ လုပ်ကိုင်ရမှာ အခုတော့...

"သခင်လေး သခင်ကြီးက နှိုးခိုင်းလိုက်တာပါ ဆရာလာတော့မယ်တဲ့ "

WrongWhere stories live. Discover now