❤4️❤️

154 24 12
                                    

Zawgi

"ခွီး ဟားဟား ဦးကလေအလိုက်တာလွန်ရော"

"ဘာရယ်"

သူ့ရှေကရယ်နေတဲ့ကောင်လေးကို သူအမှုန့်ကြိတ်ပစ်ချက်လာပြီ။ လူကိုစစရာမှတ်နေတာလားမသိ။

"ကျွန်တော့်အသက်ကိုနှမြောတယ်ဗျ ဦးကိုချစ်ဖို့ဆို ဦးယောက်ျားကို အရင်နိုင်ဖို့လုပ်ရမယ်။ စိတ်ချပါ ကျွန်တော့်မှာ ကောင်မလေးရှိတယ်။"

"အေး လုပ်နေ လုပ်နေ"

"ဟားဟားဟား"

ကလေးစုတ် ဆရာကိုသူငယ်ချင်းများမှတ်နေလား။ သူ့မှာတော့အဟုတ်တွေမှတ်နေတာ။ မသိတော့ဘူး ထမင်းချိုင့်ပြင်ပြီးရင် ရေချိုးပြီး သွားပို့ရမယ်။

********
"မမရေ ငယ်ရော"

"မောင်လေးလာထိုင်ဦး ဒါရိုက်တာက မဒမ်ချွဲရောက်လာလို့ စကားပြောနေကြတယ် မမကော်ဖီဖျော်ပေးမယ် ခဏနော်"

"ရတယ်မမ နေပါစေ ဒါနဲ့မဒမ်ချွဲက ဘာလာလုပ်တာလဲ"

T/N
မဒမ်ဆိုတာသိကြတယ်မလား အောင်သွယ်တော်မျိုးလေ။ သမီးရှင်တွေက သူတို့သမီးအတွက် သတို့သားလောင်းရီာတဲ့အခါမှာ အဲ့မဒမ်တွေက သင့်တော်ရာလူနဲ့ Blind Dateစီစဉ်ပေးတာ။

"ဪ ဥက္ကဌကသူ့သားကို အိမ်ထောင်ပြုစေချင်နေပြီ။ ဒါရိုက်တာကလည်း ငြင်းတယ်။ ဒီတစ်ခေါက်တော့ အပိုင်ကိုင်လိုက်ပုံဘဲ"

ဟုတ်သားဘဲ သူနဲ့ငယ်ကို ဥက္ကဌကြီးကမှသဘောမတူခဲ့တာ အဲ့တာကို အဆိုးအပေလေးက အိမ်ပေါ်ကဆင်းလာပြီး သူ့အိမ်ရောက်လာခဲ့တာ။

လေးငါးနှစ်လောက်ရှိနေပြီကို အခုထိသဘောမတူသေးဘူးလား။ ကြည့်ရတာငယ့်ရဲ့ ခေါင်းမာတဲ့အကျင့်က ဥက္ကဌကြီးဆီကနဲ့တူပါတယ်။

"မောင်လေး ဝင်သွားတော့ရပြီ"

"ဟုတ်မမ"

အတွင်းရေးမှူးမမကိုပြုံးပြပြီး ဝင်သွားတော့ သူချစ်ရတဲ့လူသားလေးက ခုံကိုနောက်မှီပြီး မျက်လုံးတွေပိတ်ထားလေရဲ့။

"ပင်ပန်းနေလားငယ်"

"ပင်ပန်းတယ်ကိုကို"

ရင်ခွင်ထဲတိုးဝင်လာပြီး ပြောပုံက သူဘယ်လောက်ပင်ပန်းကြောင်း မပြောလည်းသိနေခဲ့တာ။

WrongWhere stories live. Discover now