❤7️❤️

159 18 8
                                    

{Zawgi}

"မဟုတ်ဘူးလား"

"ဟုတ်တယ်"

"အဲ့တာကို ဘာလို့ပြန်မလာခဲ့တာလဲ"

လွယ်လိုက်တာ။ ဘယ်သူကမသွားပါနဲ့လို့ ဆွဲထားခဲ့လဲ။ ခံစားချက်တွေမပြတ်သားခဲ့တာ ဘယ်သူလဲ။ ထွက်သွားအောင်လုပ်ခဲ့တာရော ဘယ်သူလဲ။

"အဲ့တုန်းက ကိစ္စတွေကအများကြီးတွေ ဖြစ်ခဲ့တာလေ။ ပြန်မလာတော့ဖို့ အစကလုပ်ခဲ့သေးတယ် မေမေတို့ကရှင်းပြပြီး ပြန်လာခဲ့ပါဆိုလို့"

"ကျွ‌န်တော့်အပေါ်စိတ်ရှင်းသွားပြီးလား။ တကယ်ပါ ကျွန်တော် ကိုကို့အပေါ်နည်းနည်းလေးမှ သစ္စာမဖောက်ခဲ့ပါဘူး။ ကိုကိုအသက်ကိုပါ.."

"သိတယ်ငယ် သိပြီးပြီ။ ဘယ်အရာမှအထင်မလွဲခဲ့သလို နာလည်းမနညကျည်းနိုင်ခဲ့ဘူး။ အထူးသဖြင့်သားလေးမွေး‌ခါနီးတော့ ပြန်လာဖို့လုပ်ခဲ့သေးတယ်။ သူများငါ့ကိုမလိုချင်ရင်ဆိုပြီး အတွေးများပြီး ဒီအချိန်ထိ"

တုန်ယင်နေတဲ့လက်တွေဟာ ထိုအချိန်ဟာ ကြောက်လန့်မှုတွေကို ပြန်တွေးမိလို့လား ထိုလူသားကိုပြန်တွေ့ရလို့လား မရေရာ။

"အခုချိန်ကစပြီး ကိုကို့ဘေးမှာငယ်အမြဲရှိနေတော့မှာ ခွာထုတ်ရင်တောင် ကော်လိုကပ်နေမှာမို့ မရက်စက်ပါနဲ့‌နော်ကိုကို"

"စောင့်ကြည့်ဦးမှာနော် အရင်အချိုးတွေချိုးကြည့် ငြိမ်နေမှာမဟုတ်ဘူး။ နှစ်ယောက်လုံးအသေဘဲ"

"ဟားဟားကြောက်ပါတယ်ဗျာ"

                      *************
သေချာကြည့်မှ သားသားကသူနဲ့အတော်တူသည်။ ကိုကိုဆီကအသားဖြူတာနဲ့ မျက်ဝန်းကြည်ကြည်ဝိုင်းဝိုင်း လေးတွေအမွေရထားပြီး ကျန်တာသူနဲ့တူသည်။ ပ်ရိသေသပ်နဲ့နှုတ်ခမ်းပါးလေးကခပ်ရဲရဲ။ ပါးဖောင်းဖောင်းလေးတွေက လူးနေကျcream အနံသင်းသင်းလေးရနေသေးသည်။

သားသားလေးနှစ်ထိရောက်အောင် ပြုစုပျိုးထောင်ခဲ့တဲ့ ကိုကိုက ဘယ်လောက်တောင်ခက်ခဲခဲ့မလဲ။ ပုခုံးပေါ်ပါးအပ်ပြီး အိပ်ပျော်နေတဲ့ သားသားကိုကြည့်ပြီး သက်ပြင်းတစ်ချို့ချမိသည်။ ဒယ်ဒီက သားသားကိုရော သားသားဖေဖေကိုရော အများကြီးချစ်ပေးပါ့မယ်။

WrongWhere stories live. Discover now