❤8️❤️

158 15 3
                                    

<Zawgi >

"သူ့ဒယ်ဒီနဲ့လမ်းလျှောက်ဆိုပြီး ထွက်သွားကြတယ်"

*ဒီသားဖ ဘယ်တွေလျှောက်သွားနေကြတာလဲ*

"ကျွန်တော်လိုက်သွားဦးမယ် မေမေတို့ပြန်လာရင် ညစာအရင်စားနှင့်ဖို့ပြောပေးပါဦး"

အိမ်ထဲကထွက်ပြီး လမ်းတစ်ဖက်ကူးလိုက်သည်။ ဒီနေရာလေူက မြို့ထဲအရမ်းမကျသလို အရမ်းလည်းချောင်မကျဘူး။ ညနေပိုင်းနဲ့မနက်ဆို လမ်းလျှောက်တဲ့သူတွေအဖို့ လမ်းလေးရှ်သလို ရပ်ကွက်စွန်တွင် ပန်းခြံလေးရှိသည်။ အိမ်နဲ့မလှမ်းမကမ်းမှာ မူကြိုကျောင်းလေး‌ရှိပြီး သားသားကိုအပ်ထားသည့်ကျောင်းဖြစ်သည်။

ကိစ္စအားလုံးအစတွင် သူအကြီးအကျယ်ကိုငယ့်အပေါ်စိတ်ဆိုးခဲ့သည်။ သားသားရှိနေတာသိတုန်းကဆို လူကရူးမတတ်ပင်။ ဒါကြောင့် ဂျပန်ကိုထွက်သွားခဲ့ပြီး သားသားကိုကျိတ်မွေးခဲ့ပြီး မေမေတို့ကိုတောင် အသိမပေးခဲ့ပေ။ ငယ့်အကြောင်းတွေကြားတော့ Koreaပြန်သွားချင်စိတ်ကို မနည်းထိန်းချုပ်ထားခဲ့ရသည်။ မထူးပါဘူး အချစ်နဲ့အမုန်းလွန်ဆွဲပွဲမှာ အချစ်ကအနိုင်ရခဲ့တာဘဲလေ။

သူ့အနားနေချင်တယ်..
ကြုံလာသမျြှပသာနာတွေအတူဖြေရှင်းကြမယ်..
သူရယ်သားသားရယ်ရှိရင်ပြည့်စုံပြီ..
ငွေကြေးဥစ္စာတွေမလိုဘူးငယ်..

လျှောက်လာတာအတော်ကြာနေပြီ သားသားရောသူရောကိုမတွေ့ရသေး။ အိမ်မှာကားလည်းရှိပါတယ်။ ‌ဘယ်ရောက်နေကြပါလိမ့်။

အနီးနားက ကစားကွင်းလေးကိုကျော်ပြီး ရေခဲမုန့်ဆိုင်လေးထဲကျော်ပြီးကြည့်လိုက်တော့ တွေ့ပါပြီ ကောင်မလေးတစ်သိုက်နဲ့ ဟုတ်နေကြတာ။

"ဖေဖေ့!!"

သားကအော်ခေါ်ပြီး ပြေးလာတော့ ဖမ်းပွေ့လိုက်သည်။ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို တရွှတ်ရွှတ်နမ်းတော့ ခိုးခိုးခစ်ခစ်ရယ်လေသည်။ သားမျက်နှာတစ်ကမ္ဘာပါဆို။

"ကိုကိုလာလေ သားကရေခဲမုန့်စားချင်တယ်ဆိုလို့"

"ဆာတိုနို လာဦး ဖေဖေဘာမှာထားလဲ"

"ရေခဲမုန့်မစားရသေးဘူးလို့ မှာထားပါတယ်"

ဂျပန်မှာသားသားကိုမွေးတော့ ပေးခဲ့သည့်နာမည်ဖြစ်သည်။ နာမည်အပြည့်အစုံခေါ်တော့ လန့်သွားပြီး သူ့အဖေနောက်ဝင်ပုန်းသည်။ အရမ်းအလိုလိုက်ထားကြတာမဟုတ်ဘူးလား။

WrongWhere stories live. Discover now