❤3️❤️

168 24 9
                                    

Zawgi

အိပ်‌ရာထဲ လူးလှိမ့်ရင်း ဘေးနားကိုစမ်းမိတော့ အေးစက်စက်။ ဒီအချိန်ကြီး ဘယ်ထသွားတာလဲ။ မနက်မိုးလင်းနေပါပြီ 7နာရီ ဒါပေမဲ့ သူအိပ်ရေးမဝသေးဘူး။

"ကိုကို ဘာလုပ်နေတာလဲ လာခဲ့"

"ခဏ ခဏလေး ငယ်ရေ"

မီးဖိုချောင်ဝင်နေတဲ့သူ့ကို အတင်းကာရော ဆွဲခေါ်လာပြီး အိပ်ရာပေါ်လှဲစေကာ သူ့ရင်ခွင်ထဲတိုးပြီး အိပ်လိုက်သည်။

"ငယ် ကိုကို..."

"ဘာမှမပြောနဲ့ ငြိမ်ငြိမ်လေးနေပေး ကျွန်တော်အိပ်ရေးမဝသေးဘူး"

"အင်း.."

ကျောလေးပွတ်ပေး ဆံပင်လေးသပ်ပေးတော့ အသက်ရူသံမှန်မှန်နဲ့ ပြန်အိပ်ပျော်သွားလေသည်။ ဒီကလေးကိုအဲ့တာတွေကြောင့် မမုန်းရက်တာ။

*********
"ကိုကို ဘာတွေချက်.."

"သီးစုံထမင်းကြော်ရယ် ကင်မ်ချီ ငယ်ဖို့ရာအမူးပြေဟင်းရည် ပြီးတော့ ဝက်ပေါင်ခြောက်ကြော်.."

"ကျွန်တော့်အိမ်ရှင်ထီးလေးက အစုံချက်ထားတာဘဲ ဟင်"

"မလုပ်နဲ့ ယားတယ်"

ဂုတ်ကိုနှာခေါင်းနဲ့ပွတ်ဆွဲနေတာမို့ လူကတွန့်လိမ်နေသည်။ သူကလည်းမရပ်ပေး လူကိုစရရင်ပျော်နေတဲ့ဟာလေး။

"အိမ်ရှင်တို့..!!"

"ဘယ်သူကြီးလဲ."

"မသိဘူး"

"ဒီမှာဘဲနေ ကိုယ်သွားဖွင့်လိုက်မယ်"

သူကတော့ကိုယ်လို့ဘဲ သုံးသွားတာ သူ့မှာတော့နေမထိ ထိုင်မရတြွေဖစ်လို့ အဲ့လိုလေးကျလည်း တစ်မျိုးဆွဲဆောင်မှုရှိတယ်။

"ကိုကို!!!"

"လာပြီငယ်!"

ပြန်လည်းအထူး ဝတ်ထားတဲ့အေပရွန်လည်း ချွတ်ပြီးအိမ်ရှေ့ပြေးရပြန်သည်။

"ဟင် Lee Minn Taeလား"

"တွေ့ရတာဝမ်းသာပါတယ် ဦး"

"‌ဪ အင်းအင်း လာလေအိမ်ထဲ"

"နေဦး!!"

အိမ်ထဲဝင်ဖို့လုပ်နေတဲ့ ကိုကို့လက်ကို ဆွဲထားပြီး ဟိုကောင်လေးကို ဘုကြည့်ကြည့်လိုက်သည်။ သူအိမ်မှာတစ်နေ့လေး မရှိလိုက်တာ ဖြစ်ချင်တာတြွေဖစ်နေရော။ ပြီးတော့ ကိုကိုကဘာလို့အိမ်ပေါ်ခေါ်ထားမှာလဲ သူများလက်လင်တွေကြား။

WrongWhere stories live. Discover now