❤5️❤️

156 23 10
                                    

{Zawgi}

"ကိုကို ငယ်သွားရတော့မယ်"

"အင်း အစစအရာရာဂရုစိုက်"

"ကိုကိုရော"

နှစ်ဦးသဘောတူ ဝယ်ခဲ့ကြတဲ့အိမ်လေးကနေ တစ်ယောက်ယောက် ထွက်သွားရမဲ့ဆိုတာ အတွေးပင်မရှိခဲ့။ လာကြိုတဲ့ကားပေါ်တက်သွားတဲ့ ငယ်ကရော သိပါ့မလား။

"ဦး အဆင်ပြေရဲ့လား"

"ပြေပါတယ် ရားးး မင်းအခုထိ စာလုပ်ဖို့မပြင်သေးဘူးလား"

"ဟီး အဲ့တာကလေ ဂိမ်းဆော့နေတာနဲ့"

"မင်းလာစမ်း လာခဲ့ အရိုက်ခံရမှာ သိရော့မယ်"

"ဦး ဦး မလုပ်ရဘူးနော်"

လွမ်းဆွေးခြင်းတွေကို အပြုံးနဲ့ဖျောက်မယ်။ နာကျင်မှုတွေကို အချိန်တွေနဲ့ကုစားမယ်။ ကိုယ့်ရင်ခွင်နဲ့ဝေးရာအရပ်မှာ ပျော်ပျော်နေပါငယ်။

***********

"မေမေ"

"သားလေ လာလာ"

မေမေက အပြုံးလေးနဲ့ကြိုပြီး လက်ဆွဲခေါ်သည်။ အင်း မေမေလည်းသိပြီးလောက်ရောပေါ့။

"သားလေး အဆင်ပြေရဲ့လား ပိန်သွားလိုက်တာ"

"အခုတလော ထမင်းစားမကောင်းလို့ပါ ပြီးတော့ မေမ‌လေ့က်ရာ လွမ်းလာလို့"

"အချွဲလေး ခဏစောင့် မေမေပြင်ပေးမယ်"

မေမေမီးဖိုချောင်ကိုထသွားပြီး ခဏကြာတော့ ဖေဖေကအိမ်ပေါ်ကဆင်းလာသည်။ မျက်နှာက လိုတာထပ်ပိုတည်တံ့နေတော့ဘနေရခက်လာသည်။

"သား"

"ဗျာဖေဖေ"

ဖေဖေက သက်ပြင်းတစ်ချို့ရှိုက်ပြီး ပြောသင့်မပြောသင့် ချိန်ဆနေသည့်ပုံ။ ကိုယ်ဘက်ကိုနားလည်ပေးနိုင်သော မိဘတွေပါဘဲ။

"အိမ်ကိုပြန်လာခဲ့သား ပြီးတော့ဖေဖေ မိတ်ဆွေရဲ့သမီးနဲ့ တွေ့ကြည့်"

"မတွေ့ချင်ဘူးဖေဖေ သားဘဝမှာသူတစ်ယောက်ဘဲရှိခဲ့တာမို့ မပိုင်ဆိုင်ရရင်တောင် ငေးကြည့်နေချင်တာ"

"ဟင်း အိမ်ကိုတော့ပြောင်းလာခဲ့သား"

"ဟုတ်ဖေဖေ"

WrongWhere stories live. Discover now