💌2💌

174 26 12
                                    

Zawgi

"ခုနကဘယ်သူလဲ!!ပြောလေ"

"နာတယ် အရင်လွှတ်"

"ပြောလို့မေးနေတယ်လေ"

လက်မောင်းနှစ်ဖက်ကို တင်းတင်းဆုပ်ထားတာမို့ ကျိန်းပြီးနာလှသည်။ ဘာရယ်မဟုတ် သူငယ်ချင်းတစ်ယောက်နဲ့ စကားရပ်ပြောနေတာမိတာက အပြစ်ဖြစ်သွားလေသလား။ ဒီကောင်လေးအဖြေရပြီးမှ ပိုဆိုးလာသည်။

"အဲ့တာသူငယ်ချင်း ဘွဲ့ယူတုန်းမ‌တွေ့လိုက်ရလို့ နှုတ်ဆက်တာ"

"ယုံမယ်ထင်နေလား ဟမ် အဲ့တာလေးပြောနေတာကို ကျွန်တော်ရောက်လာတာမေ့လောက်တဲ့အထိ စကားကောင်းနေတယ်ပေါ့ အဲ့လောက်တောင်ပျော်နေလား!!"

"ဒီမှာ Ooh Sehun မင်းတစ်ခြားဟာပြော ငါ့အချစ်ကိုနည်းနည်းလေးမှ မစော်ကားနဲ့ ငါမှာသူငယ်ချင်းနဲ့ရပ်စကားပြောခွင့်လေးတောင်မရှိဘူးလား"

ဆုပ်ကိုင်ထားတဲ့ လက်နှစ်ဖက်ကို အားကုန်ရုန်းမိတာက နာလို့မဟုတ်။ မဟုတ်ဘူးနာတယ် လက်မောင်းကမဟုတ်ဘဲ ရင်ဘတ်ထဲက..

"ဟက် စော်ကားတယ်ဆိုလည်း စော်ကားတယ်ပေါ့"

"ဘယ်သွားဦးမှာလဲ ညမှောင်တော့မယ်"

"ဘယ်သွားသွား.."

ချေပပြောခံလိုက်ရတဲ့ စကားနောက်မှာ အရင်းအနှီးတွေအများကြီးပါသွားတယ်။ စဖွင့်ပြောခဲ့တာသူပေမဲ့ ကိုယ့်ဘက်ကအရာရာ အလျော့ပေးခဲ့ပြီး အကိုတစ်ယောက်လို ချစ်သူတစ်ယောက်လို ဆုံးမခဲ့တယ်။ အဲ့တာတွေရဲ့နောက်ဆက်တွဲက ခပ်ချေချေစကားလုံးတွေအောက် ပျောက်ရတာပါဘဲ။

********
'အခုချိန်ထိပြန်မလာသေးဘူးလား'
နာရီကိုကြည့်မိတော့ ည1နာရီ ဘယ်တွေသွားနေတာလဲ။ စိတ်ပူလှသည်မို့ ညနေကရန်ဖြစ်ခဲ့တာကိုလည်း ခေါင်းထဲမထည့်အား။ ချော့မော့ပြီးပြန်လာခိုင်းရမည်။

ဖုန်းလေးက အဝင်callတွေများလာတဲ့အခါ ဘာလို့ဆက်ခေါ်နေသေးတာလဲလို့ မေးနေသယောင်။ အားတင်းပြီး နေယက်ဆုံးတစ်ခါပါဘဲ...

"Hello"

တစ်ဖက်ကပြန်ဖြေတဲ့အသံဟာ ကိုယ်ကြားချင်တဲ့အသံလေးမဟုတ် Chanyeolလည်းမဟုတ်ပါဘူး။

WrongWhere stories live. Discover now