Chapter -4-

662 76 0
                                    

ဒီကမ္ဘာပေါ်တွင် သူအယုံကြည်ရဆုံးသူက သူ့ကို သစ္စာဖောက်ခဲ့တာလား ။

သူယူလာသည့် ငွေထုတ်ကို စက္ကူနှင့်လဲလှယ်ရန် Sam ကြိုတင်ကြံစည်ခဲ့သည်ပေါ့။

မီးမှောင်ချထားသော သူအား ဧည့်ခန်းထဲတွင် ......... ဆေးပုလင်းယူခိုင်းသောအချိန်တွင်
သူ့ငွေထုပ်ကို စက္ကူဖြင့်လဲလှယ်ခဲ့သည်ပေါ့ ။ဒါမှမဟုတ် Sam ငွေထုပ်ကို အခန်းတွင်းက သွားယူစဉ်အချိန်က ဖြစ်နိုင်သည် ။

သူ့မှာတော့ Sam သူ့အပေါ် ယုံကြည်လှချည်ရဲ့၊ အားကိုးလှချည်ရဲ့ဟု တွေးမိခဲ့သဖြင့် သူ့မှာတော့ ပျော်လို့မဆုံး....။

အခုတော့.......... ဒါတွေအားလုံးအားလုံးဟာ ကြိုတင်ကြံစည်မှုတဲ့လား ။

ဖြူးစ် ပျက်တာရော ၊ မီးပျက်တာရော ၊ မီးသမားခေါ်တာရော ၊ ဆေးဘူးယူခိုင်းတာရော ၊ ကုတင်
အောက်ကငွေထုပ်ပါ သွားယူခိုင်းပြီး ယုံကြည်မှု အရယူတာ ၊အားနာစေတာ ၊ အာရုံများအောင်လုပ်တာ အားလုံးဟာ လှည့်စားမှုတွေ ၊ အရူးလုပ်ခံရတာတွေချည်းပဲ ။

"တောက်"

တောက်တစ်ချက်သာ ခပ်ပြင်းပြင်းခေါက်နိုင်တော့သည်။

ပြိုင်ဘက်ဟူသော စကားလုံး၏ နက်နဲမှု နှင့် ခါးသီးမှုကို ပထမဥိးဆုံး နင့်နင့်သီးသီး ခံစားလိုက်ရပြီ။
ကိုယ်ချစ်ခင်လေးစားရသူက ကိုယ့်ကို ပြိုင်ဘက်အဖြစ် သဘောထားလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထင်ဖူးပါ ။ ရက်စက်လိုက်တာ Sam ရယ် ။

ဒေါက်...... ဒေါက်.....ဒေါက် ...
တင်းတောင်.... တင်းတောင်...တင်တောင်

ဘဲလ်တီးလိုက် ၊ တံခါး ခေါက်လိုက် လုပ်နေသည်မှာ တစ်နာရီကျော်ရှိပြီ။

"Sam.... Lisa ပါ တခါးဖွင့်ပါဦး

Sam အိမ်ရှေ့တွင် စက္ကူစများ... Sam ပေးလိုက်သော သိန်းနှစ်ထောင် ပိုက်ဆံအတုများကို အခုလေးတင်ပဲ ဒီနေရာမှာ ကြဲချခဲ့တာပါ။

"Sam ရေ Sam ထွက်မလာရင် Lisa ဆိုင်ရာကို သွားတိုင်မှာနော် "

အိမ်ထဲမှာမီးလင်းနေသဖြင့် လူရှိကြောင်းသေချာနေပါလျှက်နှင့် ယခုချိန်တွင် တခါးဖွင့်မပေးခြင်းမှာ လူရာမသွင်းကြောင်း၊ ဥပေက္ခာပြုထားကြောင်း သက်သေပြနေသည်။

Fool game Where stories live. Discover now