Chapter-7-

608 85 0
                                    

"ရှင့်ရဲ့ဒီ Game ကို နိုင်ကို နိုင်စေ ရမယ်ဆိုတဲ့ လေသံကတော့ ရှင့် ဆရာမ ကို အိပ်ပျော်စေမှာ မဟုတ်ဘူးလို့ ကျွန်မ တပ်အပ်ပြောရဲတယ် ။ ပွဲကို စတိုက်မယ်လို့ စစ်ကြေငြာလိုက်ကတည်းကိုက ပြိုင်ဘက်အတွက် စိတ်ပူစရာပဲ မဟုတ်လား "

Lollipop စုတ်ရင်း တွေးဆနေသော Jane ထံမှ ထင်မြင်ချက်တစ်ခု ထွက်ကျလာခြင်းဖြစ်သည် ။

"ဒါနဲ့ မင်းရော သူ့အကြောင်း အပြင်မှာစုံစမ်းတာ ဘာထူးသေးလဲ "

"ဘာမှ မထူးဘူး "

"ဟင် .......ဒါဆို မင်းက အားနေတာပေါ့ "

"ကျွတ်စ်......အာ့တာတွေ ရှင့်ကို စိတ်ပျက်နေတာ ရှင် မှန်ဘီလူး လွတ်တဲ့ အချိန်မှာ ကျွန်မ ဒုက္ခ ခံရတာလေ။ သူ အပြင်ထွက်တာနဲ့ Shadow ပဲဟာ"

"သြော်....ဆောရီး....သေချာတာက သူ အပြင်တစ်ခါပဲ ထွက်တယ်လေ ။ ငါက မင်း အချောင် ခိုမှာဆိုးလို့ "

Jane မျက်နှာကား တီကောင်ဆားနဲ့ပက်သကဲ့သို့ တွန့်လိမ်ခေါက်ချိုးသွားသည် ။ သို့သော် နှုတ်လှန်မထိုးပဲ Lollipop သာ တမြုံ့မြုံ့ စားရင်း ဘာကို အာရုံရမှန်းမသိ အာရုံခံနေပြန်သည် ။ သူ စိတ်မရှည်တော့........

" yahhhhh အဲ့ အလုံးကြီးခနဖယ်ပြီး လူကို လူရာသွင်းပါဦး ...."

ဒင်းကလေးရဲ့ မျက်ခုံးနှစ်ဖက် တွန့်ချိုးသွား၏။

"လူကို လူလိုထင်လို့ လူလိုအကြံထုတ်နေတာပေါ့
ရှင်"

အသံစွာစွာလေးနှင့် ပြန်ပက်၏။ ဒီတော့မှ Lisa ပြုံး၏။

"အော် ကိုယ်ပြောတာက သူ ဘဏ်တွေ ဘာတွေ မသွားဘူးလားလို့ "

လေသံကိုပြန်လျော့ရ၏။

" အစထဲက အာ့လိုမေးပါလား ။ လိုရင်းကို မရောက်တော့ဘူး ။ .... ဘဏ်တော့ မသွားဘူး ။ လမ်းထိပ်က လျှပ်စစ်ဆိုင်..... ဟိုတနေ့က လုပ်ပေးတာအကြွေးကျန်တယ်ဆိုလား......သွားပေးတာ ။  ငွေ သိန်း ၂၀၀၀ ပိုင်ရအောင် လုပ်ပေးတဲ့ လျှပ်စစ်ဆရာကို ၅၀၀ အကြွေးထားသတဲ့ "

Fool game Where stories live. Discover now