🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮
ငါ့ဦးနှောက်ထဲကို.......
ဗိုင်းရပ်စ်တွေလာမသွင်းပါနဲ့.....
ဒီနေ့လည်း..... မရူးရဲတဲ့ ငါ့အတွက်......
ရူးတာဟာ....ရိုးတာထက်
ကောင်းသလား
ရိုးတာဟာ..... ရူးတာထက်
ကောင်းသလား။🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮🎮
ဧပြီလကို ကပြောင်းကပြန် ဖြတ်သန်းခဲ့ရသော Lisa သည် ဒုတိယအကြိမ် Fool Game ၏ ဖိတ်ခေါ်စာကိုတော့ ဥပေက္ခာ ပြုခဲ့လေသည်။ ထပ် မရူးလိုတော့ ။ ဒီတစ်ခါ ၄င်းတို့ပေးပို့လိုက်သော ပါဆယ်က ကွန်ပါဘူးပုံစံ အသေးစားလေးဖြစ်ပြီး အဲ့ဒိအရာကို လက်ဖျားနှင့်တောင် မထိမိအောင် ထိန်းသိမ်းထားခဲ့သည်။
ဒါကို ဒီတိုင်းထားလိုက်ရအောင်လို့ပြောတဲ့ ချစ်ရသူ Jane ရဲ့စကားကို သူနားထောင်ရမည်။ တစ်နည်းအားဖြင့် ဒါက သူတို့ နှစ်ဦးကြားက ကတိစကားလည်းဖြစ်၏။
April 30 Fool Game ပထမပိုင်းတွင် နိုင်ပြီး ၊ ဒုတိယ ပိုင်း ဖိတ်ခေါ်စာရပြီးကတည်းက ဒီ Game အကြောင်း မကြားရသည်မှာ ယခုဆိုလျှင် တစ်ပတ်တောင်ရှိပြီ။
"Lisa ဖုန်းလာနေတယ် Reception မှာတဲ့နော် "
Chae ရဲ့အော်သံကြောင့် သူ့အတွေးတွေပြတ်သွားရသည်။ ဘယ့်နယ့် သူ့ဆီတိုက်ရိုက်မဆက်ပဲ Reception ကို ဆက်ရတာပါလိမ့် ။ ကပြာကယာပင်
Reception သို့ အပြေးဆင်းလာခဲ့ပြီး ဖုန်းကိုင်လိုက်ရာ...."သမီး Lisa "
"ဟား Omma... ထူးထူးခြားခြား သမီးရုံးကို ဖုန်းတွေဘာတွေ ဆက်လို့ပါလား "
"Omma ရှုံးပြီ သမီး "
"ရှင်...ဘယ်လို"
"Omma ရှုံးပြီ ။ Omma.. game မှာ ရှုံးပြီ "
"ရှင်"
May 8
ဒီနေ့ကိုတော့ Lisa ဘဝတွင် ဘယ်တော့မှ မေ့မည်မဟုတ်ပါ။ ထိုနေ့၏ ပထမဆုံးဖုန်း call တွင် Omma က သူ့ကို ထူးဆန်းတဲ့စကားတွေပြောပြီး ဖုန်းချသွားသည်။ သူ အံသြစို့နစ်ရင်း ကျန်ခဲ့စဥ်မှာပဲ ။ သူလက်ထဲရှိ သူ့ဖုန်းလေးက ထပ်မြည်လာသည်။
" ဟလို Lalisa Manoban ပါလားခင်ဗျာ။ ကျွန်တော် ခင်ဗျား အမေရဲ့ ရိပ်သာကပါ။ ပြောရမှာတော့ စိတ်မကောင်းပါဘူး။ ခင်ဗျားအမေ အိပ်ဆေးတွေသောက်လိုက်လို့ အခုပဲ ဆေးရုံတင်လိုက်ရပါတယ် "
YOU ARE READING
Fool game